ထားဝယ်ခရိုင်တစ်ခုလုံး ဧပြီတစ်လတာ အချိန်ပိုင်းလျှပ်စစ်မီးပြတ်မည်
Dawei Watch
April 2, 2025ထားဝယ်ခရိုင်တွင် ဧပြီလတစ်လလုံး အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ခရိုင်အတွင်းရှိ လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။ ကံပေါက်ရှိ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်နှစ်လုံးပြုပြင်နေရသဖြင့် လျှပ်စစ်အသုံးများဆုံး အချိန်ဖြစ်သော နံနက် ၄ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိကို လျှပ်စစ်ဝန်အားလျော့ချမည် ဖြစ်သည်။ ထို့သို့ လျှပ်စစ်ဝန်အားလျှော့ချသည့်အချိန်အတွင်း လျှပ်စစ်ပြတ်တောက်မည်ဖြစ်ပြီး ယင်းပြတ်တောက်မည့်အချိန်တွင် ထားဝယ်ခရိုင်သို့ အုပ်စုနှစ်စုခွဲပြီး အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ပြောဆိုသည်။ “ကံပေါက်က အင်ဂျင်နှစ်လုံးပျက်နေတော့ အဲဒါပြင်မလို့ လျှပ်စစ်ဝန်အားလျှော့မှာ။ လုံးလုံးမီးပြတ်သွားမှာမဟုတ်ပါဘူး။ သူ့အချိန်နဲ့သူ တစ်ခရိုင်လုံးကရွာတွေကို ပေးမှာပါ” ဟု ၎င်းကပြောသည်။ ယမန်နှစ်ကလည်း ရာသီဥတု အပူပြင်းဆုံးဖြစ်သည့် ဧပြီလတွင် သဘာဝဓာတ်ငွေ့သုံး အင်ဂျင်များပျက်သွားသဖြင့် ထားဝယ်ခရိုင်တွင် လချီကြာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားခဲ့ဖူးသည်။ ယင်းအချိန်ကလည်း လျှပ်စစ်ဓာတ်အားကို […]


