သင်္ကြန်ကာလ အတာအိုးရောင်းအားကျ
Dawei Watch
April 3, 2025နေရပ်စွန့်ခွာစစ်ဘေးရှောင်ရသည့်ရွာ များလာခြင်းကြောင့် သင်္ကြန်အတာအိုးရောင်းအား ဆက်တိုက်ကျလာကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ စစ်မှုထမ်းအတွက် အဓမ္မဖမ်းဆီးနေမှုအပါအဝင် အကြောင်းအမျိုးမျိုးပြပြီး စစ်ကောင်စီက ဖမ်းဆီးနေမှုကြောင့် လူငယ်လူရွယ်များ ပြည်ပထွက်ခွာမှု ပိုများလာသလို စစ်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာမှုမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက်လာခြင်းကြောင့် အတာအိုးရောင်းအားကျလာခြင်းဖြစ်သည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ကိုဗစ်မတိုင်ခင်က တစ်နှစ်လျင် သင်္ကြန်အတာအိုး အလုံးရေ ခုနှစ်သောင်းခန့်ရောင်းအားရှိသော်လည်း ယင်းနောက်ပိုင်းတွင် တစ်နှစ်ထက် တစ်နှစ်ရောင်းအား သိသိသာသာလျော့ကျလာသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အရင်တုန်းကနဲ့တော့ ဘာမှမဆိုင်ဘူး၊ သုံးချိုး နှစ်ချိုးလောက်တော့လျော့ကျသွားတယ်။ အခုက တစ်ချိုးလောက်ပဲကျန်ပြီ။ မောင်မယ်ရှောင်ရွာဆို တစ်ရွာလုံးမရှိတော့ဘူးလေ၊ ကနက်သီရိဆိုလည်း ရွာမှာလူတွေသိပ်မရှိကြဘူးလေ၊ အရင်တုန်းက ထောင်ချီယူနေတဲ့ နေရာမှာ ဖောက်သည်တွေက ရာဂဏန်းပဲယူကြတော့တယ်လေ”ဟု ၎င်းက ဆိုသည်။ ယခုနှစ်တွင် […]


