ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် လောင်းလုံးကို စစ်ကြောင်းထိုး
Dawei Watch
April 11, 2025သင်္ကြန်ကျရန် ရက်ပိုင်းအလို ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၁၀ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အကောက်ခွန်ဦးစီးဌာနဘက်ခြမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုနေ့က စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးအောင်မျိုးထွန်း အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် အကောက်ခွန်ရုံးနှင့် မနီးမဝေးရှိ ဆိပ်ကမ်းသာ ဘောတံတားတွင် ငါးလွှတ်ပွဲပြုလုပ်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “စကစဝန်ကြီးတွေ ကမ်းနားလမ်းမှာ ပွဲလုပ်နေကြတဲ့အချိန်မှာ သေနတ်ပစ်သံတွေ ထွက်လာတယ်။ အဲဒါပြီးမှာ နတလရုံးမှာ ထိုင်ထားတဲ့ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုသေးတယ်” ဟု မြို့ခံတစ်ဦးက […]


