ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ၊ မင်းသားအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ရွာများကိုလက်နက်ကြီးဖြင့်ပစ်

Dawei Watch

April 20, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ် ၊ မင်းသားကျေးရွာအုပ်စုတွင် ယနေ့ (ဧပြီ ၂၀) နံနက်ပိုင်းကစ၍ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ မင်းသားရွာအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ပစ်ခတ်မှုများဖြစ်နေခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်မှ နေ့လယ် ၁ နာရီဝန်းကျင်အထိ နှစ်ဖက်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများထံမှသိရသည်။ နေ့လယ် ၁၂ ဝန်းကျင်တွင် မင်းသားရွာအုပ်စု ပတ်ဝန်းကျင်ရှိ ရေဖြူမြို့နယ် ဆင်ကူးရွာနှင့် ရာဖူးရွာများဘက်သို့ မောရဝတီရေတပ်နှင့် ခလရ ၂၈၂ စစ်ကောင်စီ တပ်တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းကျေးရွာတွင်နေထိုင်သူများက ပြောပြသည် ။ လက်နက်ကြီး ကျည်ဆန်များမှာ ဆင်ကူးရွာ လူနေအိမ်များအနီးနှင့် ရာဖူးရွာအနောက်ဘက် ဥယျာဥ်ခြံအတွင်း ကျရောက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ရွာသားများထံမှ ကနဦးသိရှိရသည်။ “တိုက်ပွဲက […]

ထားဝယ်သို့ စစ်ကောင်စီရဟတ်ယာဉ်သုံးစင်းရောက်၊ အထူးစီးပွားရေးဇုန်သို့ ဆက်သွား

Dawei Watch

April 19, 2025

ထားဝယ်မြို့ရှိ လေယာဉ်ကွင်းသို့ ယနေ့ ဧပြီလ ၁၉ ရက် နံနက်ပိုင်းတွင် Mi 17 အမျိုးအစား ရဟတ်ယာဉ်သုံးစင်း တစ်ပြိုင်နက် ရောက်ရှိလာကြောင်း‌ မြို့ခံများနှင့် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ အဆိုပါရဟတ်ယာဉ်သုံးစင်းသည် မော်လမြိုင်မြို့မှ ပျံသန်းလာပြီး ထားဝယ် လေယာဉ်ကွင်းတွင် ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လေကြောင်းအား စောင့်ကြည့်ထောက်လှမ်းနေသည့် Enemy Air Route တယ်လီဂရမ်ချယ်နယ်က ဖော်ပြသည့် အချက်အလက်များအရသိရသည်။ ထားဝယ်မြို့ခံအချို့ကလည်း ယနေ့ နံနက် ၁၁ နာရီကျော်တွင် ထားဝယ်လေယာဉ်ကွင်း သို့မဟုတ် စကခ ၈ ဘက်မှ ရဟတ်ယာဉ်အသံများ ကျယ်လောင်စွာ ကြားရကြောင်း ပြောဆိုသည်။ “(ရဟတ်ယာဉ်) ဆင်းတာတော့ မမြင်လိုက်ဘူး။ အသံတော့ကြားတယ်။ လေယာဉ်ကွင်းထဲပဲဖြစ်မလား၊ စကခ ၈ထဲပဲ ဆင်းလားတော့ […]

သရက်ချောင်းရှိ ရွာများကိုစစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ရငဲရွာမှ မြေး၊အဘိုးနှစ်ဦးသေဆုံး

Dawei Watch

April 19, 2025

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းအနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလိုက်ကြဲနေခြင်းကြောင့် ရငဲရွာကမြေးအဘိုးနှစ်ဦး ထိမှန်သေဆုံးသွားကြောင်း ကနဦးရရှိသည့် အချက်အလက်များအရ သိရသည်။ ယနေ့(ဧပြီ ၁၉) မနက် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းဝစခန်းအနီးပတ်ဝန်းကျင်၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရငဲရွာများကို ဗုံး ၈ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ “ရငဲရွာထဲကို ဗုံးနှစ်လုံးလာချသွားတယ်။ မြေးအဘိုးနှစ်ဦးသေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အသက် ၇ နှစ်အရွယ် ယောကျ်ားကလေးတစ်ဦးနှင့် အသက် ၅၀ ကျော်အရွယ်အမျိုးသားကြီးတစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး အပါအဝင်စုစုပေါင်းလေးဦးဒဏ်ရာရသည်ဟု ဒေသခံအချို့က ပြောသည်။ ဧပြီလ ၁၈ ရက် မနက် ၆ နာရီခန့်တွင် ဝင်းဝစခန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေ […]

သရက်ချောင်းတွင် တိုက်ပွဲဖြစ်နေသည့် ဝင်းဝရွာအနီးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

April 18, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် ညနေ ၄နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆နာရီမှ မွန်းလွဲ ၃နာရီအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ “အခုလေးတင် ဗုံးလာကြဲသွားတယ်၊ ခြောက်လုံးလောက်ရှိတယ်။ ဝင်းဝစခန်း ပတ်ချာလည်နဲ့ ဝင်းဝတံတားအနီးဝန်းကျင်ကို ကြဲသွားတာဖြစ်မယ်” ဟု ဝင်းဝရွာနှင့် ကပ်လျက်ရှိ မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေတို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ နှစ်ဖက် ပစ်ခတ်မှုကြောင့် ထားဝယ်-မြိတ် အတက်အဆင်းကားများ ရာနှင့်ချီပိတ်မိနေပြီး ဝင်းဝနယ်မြေ ရဲစခန်းအနီးက […]

သရက်ချောင်း ဝင်းဝနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၊ ကားရာချီပိတ်မိ

Dawei Watch

April 18, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသဖြင့် ကားရာနှင့်ချီပိတ်မိနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆ နာရီခန့်မှ ၉ နာရီခန့်အထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲခန့်မှ နေ့လယ် ၁၂ နာရီကျော်အထိ တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်-မြိတ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်တာကတော့ မနက် ကတည်းကပဲ။ တော်တော်များတယ်၊ လက်နက်ကြီးရော၊ လက်နက်ငယ်တွေရောပဲ။ ကားကြီး ကားငယ် အကုန်လုံး ပိတ်မိနေတယ်။ ကျွန်တော်တို့ရွာက လူတွေလည်း တစ်ယောက်မှ မရှိကြတော့ဘူး” ဟု ဝင်းဝနှင့် ရွာချင်းကပ်နေသည့် မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဝင်းဝနယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA […]

သင်္ကြန်အတွင်း မောင်းမကန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

April 17, 2025

သင်္ကြန်အကြတ်နေ့က လောင်းလုံးမြို့နယ်ရှိ ထားဝယ်-မောင်းမကန်လမ်းပိုင်းဖြစ်သည့် သုံးထပ်လမ်းပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် သုံးထပ်လမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “မျက်နှာက တော်တော်ပျက်စီးသွားတယ်။ ဆေးရုံရောက်တော့ အရေးပေါ်ခွဲစိတ်မှု လုပ်လိုက်ရတယ်။ ညဆယ်နာရီလောက်မှ ခွဲခန်းထဲက ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ပြင်ကြီးရွာတွင် နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် ဆိုင်ကယ်စီးလာသည့် အမျိုးသား၏ မျက်နှာတွင် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ထားဝယ် ဆေးရုံကြီး၌ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရကြောင်း ဦးနိုင်မျိုးသွင်က […]

ထားဝယ်ထောင်က အကျဉ်းသား ၂၀ကျော်လွတ်၊ နိုင်ကျဉ်းတစ်ဦးသာပါ

Dawei Watch

April 17, 2025

မြန်မာနှစ်ဆန်းတစ်ရက် စစ်ကောင်စီ၏ လွတ်ငြိမ်ခွင့်တွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ၂၂ ဦး နှင့် အကျဥ်းသူ တစ်ဦး စုစုပေါင်း ၂၃ဦး ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် လွတ်မြောက်လာကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။ လွှတ်ပေးရာတွင်ပါဝင်သူများကို နံနက် ၁၁ နာရီခန့်တွင် ထောင်မှ မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ခံဝန်ထိုးခိုင်း၍ ရဲစခန်းမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။ “အမျိုးသမီးထဲမှာ နိုင်ငံရေးအမှု မပါဘူး။ လောင်းကစားမှု လွတ်ရက်စေ့ခါနီး တစ်ယောက်ပါတယ်။ ကျန်တာက ယောင်္ကျားတွေပဲ ပါတယ်။ လာစောင့်ပြီး မပါသူတွေလည်း ရှိတယ်” ဟု မြို့မရဲစခန်း ရှေ့တွင် လွတ်လာမည့်သူများအား သွားရောက်စောင့်ဆိုင်းခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။ ပြန်လွတ်လာသည့် အမျိုးသား ၂၂ ဦးတွင် ပုဒ်မ ၅၀၅ က […]

ယခုနှစ် ထားဝယ်သင်္ကြန်လည်ပတ်သူများ

Dawei Watch

April 17, 2025

ထားဝယ်ခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယခုနှစ်ကျရောက်သည့် အတာသင်္ကြန်၌ ရေကစားကြသူများ၊ ရေပက်ခံ ထွက်သူများဖြင့် စည်ကားခဲ့ပြီး အာဏာသိမ်းပြီးနောက် ပါဝင်ဆင်နွှဲသူ အများဆုံးဖြစ်ကြောင်း မြို့ခံများနှင့် ရေပက်ခံထွက် သူများက ပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပသည့် သင်္ကြန်ပွဲများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှု၊ တော်လှန်ရေး အင်အားစုများ၏ မေတ္တာရပ်ခံမှု၊ ဒေသတွင်း မတည်ငြိမ်မှု၊ စစ်ကောင်စီ လုံခြုံရေးတင်းကျင်မှု စသည်တို့ကြောင့် ရေပက်ခံထွက်သူ၊ ရေကစားသူ နည်းခဲ့သည်။ ယခုနှစ်တွင်မူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကျပ်မှု မရှိသလို မြို့ပေါ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတွေ့ရသည့်အပြင် သင်္ကြန်တွင် မပျော်ရသည့် နှစ်ကာလလည်း ကြာမြင့်လာသဖြင့် ယခုနှစ်တွင် သင်္ကြန်ရေပတ်ခံထွက်သူ၊ ရေကစားသူ များပြားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။ […]