စစ်ကောင်စီက ထားဝယ်လေးမြို့နယ်အား စက်သုံးဆီ သယ်ယူရောင်းချခွင့် ပိတ်ပင်
Dawei Watch
April 26, 2025ထားဝယ်မြို့ထဲရှိ စက်သုံးဆီများကို မြို့အပြင်ဘက်သို့ သယ်ယူရောင်းချခွင့် မပေးတော့ဘဲ စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း စက်သုံးဆီရောင်းချနေသူများထံမှ သိရသည်။ ထားဝယ်မြို့ထဲမှလွဲပြီး မြို့ပြင်လေးမြို့နယ်မှ စက်သုံးဆီရောင်းချရန် လာရောက်ဝယ်ယူသူများကို ရောင်းမပေးရန် ထားဝယ်မြို့ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီ ( ဒေသအခေါ် စက်သုံးဆီဘော) များအား စစ်ကောင်စီက ညွန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများမှာ ထားဝယ်ခရိုင် လေးမြို့နယ်ထံသို့ စက်သုံးဆီဖြန့်ဖြူး ရောင်းချပေးနေကြခြင်း ဖြစ်သည်။ “မြို့အဝင်တံတားကျော်ပြီး လာဝယ်တဲ့သူဆို မရောင်းရဘူးလို့( စစ်ကောင်စီ) ကမှာထားပါတယ်။ ပုံးတွေ၊ဗူးတွေနဲ့ အိမ်သုံးဖို့ လာဝယ်တာတောင်ရောင်းပေးလို့မရဘူးဆိုရင် တိုင်ကီနဲ့ပေပါနဲ့ ဝယ်ပြီး ကားတင်သွားမယ့်သူဆို ပိုဆိုးတာပေါ့” ဟု ကမ်းနားလမ်းရှိ စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်။ ဧပြီလ ၂၄ ရက်ကစပြီး စစ်ကောင်စီက ထိုကဲ့သို့ ညွန်ကြားထားခြင်းဖြစ်ကြောင်း […]


