မောရဝတီရေတပ်က လမ်းပြအဖြစ်ဖမ်းခေါ်သွားသည့် ရွာသားနှစ်ဦး ပြန်လွတ်
Dawei Watch
May 1, 2025ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာတွင် မောရဝတီရေတပ်က တပ်ဖွဲ့ဝင်များ စစ်ကြောင်းပြန်ထွက်စဥ် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံနှစ်ဦး ဧပြီလ ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ကျောက်ထရံရွာသား ဦးသန်းသန်းနှင့် ဖြူနပ်ရွာသား ကိုနိုင်နိုင်တို့သည် ဧပြီလ ၇ ရက်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရပြီး ရက်သတ္တပတ် သုံးပတ်ကျော်ကြာ မောရဝတီရေတပ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့ (ဧပြီ ၃၀) နေ့လယ်ပိုင်းမှာ နှစ်ယောက်စလုံး ရွာပြန်ရောက်လာတယ်။ ရိုက်နှက်ခံရထားမျိုးတွေတော့ မရှိဘူး။ စစ်တပ်က လမ်းပြခေါပြီး သတင်းပေါက်မှာစိုးလို့ ပြန်မလွှတ်ဘဲ ထားထားတာမျိုးပါ” ဟု ကျောက်ထရံရွာသားတစ်ဦးက ပြောသည်။ အဆိုပါဒေသခံနှစ်ဦးအနက် တစ်ဦးမှာ စျေးရောင်းပြီး ကျန်တစ်ဦးမှာ ငါးပိုက်လှေလိုက်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ […]


