စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ထားဝယ်ရှမ္မတွင်းရွာတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
Dawei Watch
May 7, 2025ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယနေ့ မေလ ၇ ရက် နေ့လယ်ပိုင်း၌ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ဆန် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ကလေးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည် ။ ထားဝယ်မြို့ အဝင်အထွက် ဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် ယနေ့ နံနက်အစောပိုင်း၌ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ က ရှမ္မတွင်းရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ” ဆယ်ကျော်သက် ယောက်ျားလေး တစ်ယောက် ကကျည်စမှန်ပြီး သေသွားတယ် ။ နောက်ထပ် အသက် ဆယ်နှစ်အောက် မိန်းကလေးတစ်ယောက်လည်း ဒဏ်ရာရသေးတယ် ။ မနက်က ပစ်ခံရပြီးကတည်းက စပြီး ပေါက်တိုင်းဂိတ်က လက်နက်ကြီးတွေ လျှောက်ပစ်နေတာ “ ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည် ။ ယင်းအပြင် […]


