ရေဖြူဒေသထွက် အုန်းသီး စျေးနှစ်ဆတက်
Dawei Watch
May 15, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ရှိ ဒေသထွက်အုန်းသီးအရောင်းစျေးကွက်တွင် ယခုနှစ်ဆန်းမှစ၍ အုန်းသီးစျေး တဖြည်းဖြည်း မြင့်တက်နေကြောင်း အုန်းသီးခြံရှင်များနှင့် အုန်းသီးအရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အုန်းသီးတစ်လုံး ကျပ်နှစ်ထောင်ဝန်းကျင် စျေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်လေးထောင် စျေးရရှိကြောင်း အုန်းသီးကုန်သည်များက ပြောသည်။ အုန်သီးဝယ်ယူသူများလာခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် အုန်းသီးအထွက်နည်းခြင်းတို့ကြောင့် အုန်းသီးစျေးတက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “နွေမှာနှစ်ကြိမ် မိုးမှာနှစ်ကြိမ် အုန်းသီးခူးကြတယ်။ ပုံမှန် နွေနှစ်ကြိမ်မှာ အုန်းသီးပေါတယ်။ မိုးနှစ်ကြိမ်မှာ အုန်းသီး ရှားတယ်။ အခုနှစ်က ရာသီဥတုအခြေအနေနဲ့ နွေတစ်ကြိမ်ခူးလိုက်ကတည်းကကို အုန်းသီးက မရှိတော့ဘူး” ဟု ရေဖြူမြို့နယ်၊ ဖောင်းတောရွာမှ အုန်းသီးအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောသည်။ ကံပေါက်ဒေသတွင် အုန်းသီးကို ဖောင်းတော၊ သဲချောင်းနှင့် ဇာဒီကျေးရွာအုပ်စုများရှိ အုန်းသီးခြံများထံမှ အဓိက ဝယ်ယူရပြီး ဝယ်စျေး ကျပ်သုံးထောင်ဖြင့် […]


