သရက်ချောင်း၊ ပဲဒက်ရွာတွင် ရဲမှူးမိန်းမနှင့် သမီးကို KNLA ကဖမ်းဆီးစစ်ဆေးပြီး ခံဝန်ဖြင့်ပြန်လွှတ်
Dawei Watch
May 22, 2025သရက်ချောင်းမြို့နယ် ပဲဒက်ရွာက ရဲမှူးမိန်းမနှင့်သမီးကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃) က ဖမ်းဆီးစစ်ဆေးပြီး အာမခံဖြင့်ပြန်လွတ်လိုက်ကြောင်း ယင်းအဖွဲ့က အတည်ပြုပြောဆိုသည်။ ဖမ်းဆီးခံရသူမှာ ပဲခူးတိုင်းဒေသကြီးတွင် တာဝန်ကျနေသည့် ရဲမှူး၏ဇနီး အသက် ၅၁ နှစ်ခန့်အရွယ် ဒေါ်တင်မာချိုနှင့် အသက် ၂၂ နှစ်အရွယ် သမီးတို့ဖြစ်ပြီး မေလ ၁၆ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ဒေါ်တင်မာချိုမှာ ပဲဒက်ရွာဇာတိဖြစ်ပြီး ရဲမှူးတာဝန်ကျသည့် ပဲခူးတိုင်းကိုလိုက်နေခြင်းမရှိဘဲ ပဲဒက်ရွာမှာပင် လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်သည်ဟု ပဲဒက်ရွာက အမျိုးသားတစ်ဦးက ပြောသည်။ ၂၀၂၄ ခုနှစ် မေလ ၈ ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်က စစ်ကောင်စီ၏ ပဲဒက်စခန်းကို KNLA နှင့် PDF ပူပေါင်းတပ်များတိုက်ခိုက်သိမ်းယူစဉ်က ထားဝယ်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်မှာပင် […]


