ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲထပ်ဖြစ်
Dawei Watch
May 29, 2025ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာနောက်ကျောတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ (မေ ၂၉) နံနက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၁ ရက်နေ့မှစ၍ ရေဖြူမြို့ဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ယနေ့ နံနက် ရှစ်နာရီခန့်တွင် တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီခန့်တွင် တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “မနက် ၈ နာရီလောက်စပြီးပစ်နေတာ ၊မိုးနဲ့ဆိုတော့ ကြားတစ်ချက်မကြားတစ်ချက်ပဲ”ဟု ယင်းအမျိုးသမီးကပြောသည်။ ယင်းစစ်ကြောင်းမှာ အင်အား ၁၀၀ခန့်ရှိပြီး ဝက်ချောင်းမှဧကနိအထိ တောလမ်းအတိုင်းဝင်လာခြင်းဖြစ်ကြောင်း ဧကနိရွာသားတစ်ဦးကပြောသည်။ “ခု ကျွန်တော်တို့ ရွာနောက်ကျောက ချောင်းနဘေးရောက်နေပြီ”ဟု ယင်းအမျိုးသားက ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် Dawei Watch သို့ပြောသည်။ ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ […]


