ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စစ်အာဏာရှင်တပ်စစ်ကြောင်း မလွှဲတောင်အနီးအထိ တိုးလာ၍ တိုက်ပွဲပြင်းထန်နေ

Dawei Watch

September 10, 2025

ကလိန်အောင်မြို့ဘက်မှ မလွှဲတောင်ဘက်သို့ ဦးတည်ကာ သြဂုတ်လကတည်းက စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ စက်တင်ဘာလ ၁ဝ ရက်တွင် မလွှဲတောင်အနီး ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ ကျွဲတလင်းရွာအထိ ရောက်နေပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ သြဂုတ်လ နောက်ဆုံးအပတ်ကတည်းက တော်လှန်ရေးတပ်များက ပိတ်ဆို့ဟန့်တားထား၍ ယင်းစစ်ကြောင်းသည် မရမ်းချောင်းရွာဝန်းကျင်တွင် သာရှိနေခဲ့သော်လည်း လမ်းပိုင်းပြန်ဖွင့်စဥ် အရှေ့သို့ တိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံတို့ကဆိုသည်။ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်း ပြန်ဖွင့်ခဲ့သည့် စက်တင်ဘာလ ၆ ရက်မှ ၉ ရက်နေ့အထိ ယင်းလမ်းပိုင်း၌ နေ့စဥ်ထိတွေ့ပစ်ခတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေး သတင်းအရင်းအမြစ်များထံမှသိရသည်။ ယင်းအခြေအနေကို သိရှိနိုင်ရန် တော်လှန်ရေးအင်အားစုများ၏ ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ စက်တင်ဘာလ ၆ ရက်မှ ၉ ရက်အထိ ပစ်ခတ်မှုများအတွင်း ကားသမားတစ်ဦး၊ […]

ထားဝယ်မြို့အဝင်အထွက် ဂိတ်များတွင် ရက်ပိုင်းအတွင်း အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ခုနစ်ဦးထက်မနည်းရှိ

Dawei Watch

September 10, 2025

ထာဝယ်မြို့၏ မြို့အဝင်အထွက်ဂိတ်များ၌ စက်တင်ဘာလ ၅ရက်မှ ၁၀ ရက်အထိ ခြောက်ရက်အတွင်း စစ်အာဏာရှင်တပ်၏ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ခုနစ်ဦးထက်မနည်းရှိကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့အဝင်အထွက် စစ်အာဏာရှင်တပ်၏ ဂိတ်နှစ်ခုဖြစ်သည့် ကမြောကင်းနှင့် ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တို့တွင် ဖမ်းဆီးစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း မြိုခံများက ပြောသည်။ ယနေ့ စက်တင်ဘာလလ ၁၀ ရက် နံနက် ၆ နာရီခွဲတွင် ကမြောကင်းတံတားထိပ်၌ လောင်းလုံးမြို့ဘက်မှ ထားဝယ်မြို့ ဘက်သို့ အလုပ်သွားလုပ်ရန်လာသည့် လူငယ်အမျိုးသား လေးဦးကို စစ်အာဏာရှင်တပ် စစ်မှုထမ်းစုဆောင်းရေးအဖွဲ့က ဖမ်းဆီးထားကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံခရီးသွားတစ်ဦးက ဆိုသည်။ “မနက်က ဗွီဂိုး ကားဖြူရှိနေတယ်။ အဲဒါစစ်မှုထမ်းဆွဲတဲ့ကားပဲ။ မနက်က အဲဒီကားလာပြီးတာနဲ့ စစ်မှုထမ်းဖမ်းတာပဲ” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် စက်တင်ဘာလ ၅ရက်ကလည်း ကမြောကင်းတံတားတွင် […]

ကံပေါက်ရွာသားတစ်ဦးကို မောရဝတီကဖမ်းဆီး၊ ငါးရက်ကြာအထိ ပြန်မလွတ်သေး

Dawei Watch

September 10, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ၊ မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သောအမျိုးသားတစ်ဦးကို မောရဝတီရေတပ်က စက်တင်ဘာလ ၅ ရက် ညနေပိုင်းက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ အဖမ်းခံရသူသည် ပန်းရန်လုပ်ကိုင်သူ ဦးအေးကိုဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ပြန်မလွတ်လာသေးဘူး၊ မိသားစုနဲ့လည်းမတွေ့ရသေးဘူး “ ဟု ၎င်း နှင့် နီးစပ်သူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင်ပြောသည်။ ဦးအေးကိုကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးစစ်ဆေးနေသည်ကိုမူ အသေးစိတ်မသိရသေးပေ။ သြဂုတ်လ ၂၀ ရက်က မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟုဆိုကာ မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ကံပေါက်ရွာနှင့် တောင်ရင်းအင်းရွာမှ လူငယ်ခြောက်ဦးသည် ဖမ်းဆီးခံရပြီး ရက်သတ္တပတ်အကြာတွင် ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှသိရသည်။

ရေဖြူ ရာဖူးရွာတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေ၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

Dawei Watch

September 9, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် စက်တင်ဘာလ ၈ ရက်တွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျရောက်ပေါက်ကွဲကာ မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။ ရာဖူးရွာနှင့် တစ်ရွာခြားတွင် ရှိသည့် မရမ်းချောင်းကျေးရွာရှိ စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရာဖူးရွာတွင် လာရောက်ရွှေ့ပြောင်းအလုပ်လုပ်ကြသည့် ပဲခူးတိုင်းက မိသားစုတစ်စုနေထိုင်သော ရွာအလယ်ပိုင်းရှိ နေအိမ်ပေါ်သို့ ကျည်ကျရောက်ပေါက်ကွဲကာ အသက် ၃ နှစ်အရွယ် ကလေးငယ် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ အသက် ၄၀ အရွယ် ရာဖူးရွာသား ကိုဝင်းရွှေလည်း ကျည်စထိမှန်ကာ ခြေထောက်တစ်ဖက် အရိုးကျိုး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုသည်။ ယင်းသို့ […]

ရေဖြူ၊ တောင်ရင်းအင်းရွာတွင် စစ်အာဏာရှင်တပ်က နေအိမ်နှစ်ဆယ်ခန့်မီးရှို့ပြီး ရွာသား နှစ်ဦးကိုဖမ်းဆီး

Dawei Watch

September 8, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က တောင်ရင်းအင်းရွာတွင် နေအိမ် ၂၀ ခန့်ကို မီးရှို့သွားကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၂၄ ရက်မှစ၍ စက်တင်ဘာလ ၂ ရက်အတွင်း ဖားချောင်းကျေးရွာအုပ်စု၊ တောင်းရင်းအင်းရွာတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်က ရွာလယ်ပိုင်းရှိ နေအိမ်နှစ်ဆယ်ကို မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ” အကုန်လုံး နှစ်ဆယ်လောက်အရှို့ခံရတယ်။ ကျွန်တော့်အိမ်အပါအဝင် ဆယ်လုံးက လုံးဝပြာကျသွားတယ်။ ဘုန်းကြီးကျောင်းမှာ သွားထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း အင်ဂျင်ဝိုင်တွေ ဖောက်ပြီး သဲတွေထည့်ခဲ့တယ်။ ပစ္စည်းသယ်တာတော့ မရှိဘူး။ အကုန်ဖျက်ဆီးခဲ့တာပဲရှိတယ် “ ဟု အိမ်မီးရှို့ခံရသူတစ်ဦး ကပြောသည်။ စစ်အာဏာရှင်တပ်သားများသည် စက်တင်ဘာလ ၂ ရက်နေ့နောက်ပိုင်းတွင် ကျေးရွာအတွင်း နေထိုင်ခြင်း မရှိတော့သော်လည်း မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးသဖြင့် […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က နေအိမ်သုံးဆယ်ကျော်ကို ထပ်မံမီးရှို့

Dawei Watch

September 8, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ နေအိမ်သုံးဆယ်ကျော်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မိုးရွှေကုန်းကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကြောင်းထိုးပြီးထွက်လာသည့် အင်အားတစ်ရာကျော်ပါ စစ်အာဏာရှင်တပ်စစ်ကြောင်းက စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ခရီးသည်တင်ယာဥ်များကို အသုံးပြုပြီးလာကြသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက ရန်တောင်ကျေးရွာအနီးတွင် တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့သွားခြင်းဖြစ်ကြောင်း ရန်တောင်ရွာခံတစ်ဦးက ဆိုသည်။ “လူမရှိတဲ့အိမ်တွေကို ရှို့သွားတာ။ အချို့အိမ်တွေကတော့ လူရှိလည်း သူတို့ခေါ်ထုတ်တာကို ကြောက်ပြီး ထွက်မတွေ့တော့ ရှို့သွားတယ်။ နေကလည်းပူနေတော့ မီးလောင်တာပိုဆိုးသွားတယ်” ဟု ၎င်းက ပြောသည်။ အကြမ်းဖျင်းရေတွက်မှုအရ ရန်တောင်ကျေးရွာတွင် မီးရှို့ခံရသည့်နေအိမ် ၂၉ ဆောင်ထက်မနည်းရှိပြီး သင်းကျွန်းရွာတွင် ၈ ဆောင်ရှိကြောင်း ဒေသခံများထံမှ […]

ကလိန်အောင်-မလွှဲတောင်လမ်းပိုင်း ပစ်ခတ်မှု ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦးသေဆုံး၊ ကားတစ်စီးမီးလောင်

Dawei Watch

September 7, 2025

ရေဖြူမြို့နယ်၊ ရေး – ထားဝယ်ကားလမ်း ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းရှိ မရမ်းချောင်းရွာအထွက်တွင် စက်တင်ဘာလ ၆ ရက်က လမ်းပြန်ဖွင့်ပြီး နာရီပိုင်းအကြာတွင် ပစ်ခတ်မှုများဖြစ်ကြောင်း လမ်းတွင်ပိတ်မိနေသည့် ကားသမားများထံမှ သိရသည် ။ ယင်းပစ်ခတ်မှုများအတွင်း ခြောက်ဘီးတပ် ကုန်တင်ယာဥ် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူတစ်ဦးတို့ ကျည်ထိမှန်သေဆုံးပြီး ကားလည်း မီးလောင်ပျက်စီးကြောင်း မျက်မြင်ကြုံခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ ” ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားရတော့ ကားတန်းစီထားတဲ့အဖွဲ့က ပြန်လှည့်တယ်။ ကားအငယ်တွေပဲ ပြန်လှည့်မီတယ်။ ကားအကြီးတွေက ကျန်ခဲ့တယ်။ အဲဒီမှာ နှစ်ယောက်ထိသွားတယ်။ အဲဒါ ပစ်နေခတ်နေကြတော့ ဘယ်သူမှလည်း ဝင်ဆွဲမရဲတော့၊ အသံစဲမှ ၂ နာရီ ၄၅ မိနစ်လောက် သွားကြည့်တာ […]

ရက်ရှည်စစ်ရှောင်နေရသည့် ထားဝယ်အရှေ့တောဒေသခံထောင်ချီ စားနပ်ရိက္ခာနှင့် ကျန်းမာရေး အခက်ကြုံနေ

Dawei Watch

September 6, 2025

ရက်ရှည်စစ်ရှောင်နေရသည့် ထားဝယ်အရှေ့တောဒေသနေ ဒေသခံထောင်ချီမှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေး ပြဿနာအခက်အခဲ ကြုံတွေ့နေကြကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရသည်။ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်အရှေ့တောဒေသရှိ ဝကုန်းရွာ၊ ဘဝပင်ရွာ၊ ၂၃ မိုင်(ရွာ) နှင့် ၂၅ မိုင်(တောင်ထိပ်နေရာ) ဝန်းကျင်ရှိ ဒေသခံတစ်ထောင်နီးပါးမှာ သြဂုတ်လ ၁၅ ရက်နေ့ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီနေသူအချို့က ဆိုသည်။ စစ်ရှောင်များက တောတောင်များအတွင်း အစုလိုက်အဖွဲ့လိုက် ပြန့်ကျဲနေထိုင်နေကြသည့်အတွက် အနီးအနားရှိ လက်လှမ်းမီသူများကိုသာ ကူညီပေးနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီ(တနင်္သာရီ) တာဝန်ရှိသူတစ်ဦးဖြစ်သူ Moon က ဆိုသည်။ “ရက်နှစ်ဆယ်ကျော်ကြာလာပြီဆိုတော့ နေမကောင်းတာတွေလည်းများလာပြီ” ဟု ၎င်းကပြောသည်။ ဂိမှာန်အနေဖြင့် စစ်ရှောင်ပြည်သူနှစ်ရာခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာအကူအညီပေးနေပြီး အခြားစစ်ရှောင်ကူညီပေးရေးအဖွဲ့များလည်း လက်လှမ်းမီရာ ကူညီပေးနေကြကြောင်း […]