ထားဝယ်တွင် မွေးကင်းစကလေး ဆက်မမွေးလိုသဖြင့် ပေးအပ်မှု ဆက်တိုက်ဖြစ်
Dawei Watch
May 12, 2025ထားဝယ်တွင် မွေးကင်းစကလေး အခြားသူများထံ မွေးစားရန် ပေးအပ်မှု ဆက်တိုက်ဖြစ်နေကြောင်း ကလေးမွေးစားသူများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်မြို့ ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ ကလေးမွေးပြီး မွေးကင်းစကလေးကို မိခင်ရင်းက အခြားသူများထံ ပေးအပ်ခဲ့မှု နှစ်ခုရှိကြောင်း ကလေးကိစ္စတွင် ကူညီပေးခဲ့သည့် ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ “ငလျင်မတိုင်ခင် တစ်ပတ်လောက်မှာပဲ ကျွန်တော်တို့ သွေးလှူသွားရင်းနဲ့ ကလေးကို အမျိုးသမီးတစ်ဦးက ကလေးမွေးပြီး ၄ ရက်ပဲရှိသေးတယ်၊ ပေးခဲ့တယ်။ ကျွန်တော်တို့က ကလေးကို မယူရင် ခင်ဗျားဘာလုပ်မှာလဲလို့မေးတော့ စွန့်ပစ်မယ်လို့ သူကပြောလို့ ကျွန်တော်တို့ ယူခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။ ကလေးမိခင်မှာ လောင်းလုံးမြို့နယ် — ကျေးရွာကဖြစ်ပြီး အဆိုပါအမျိုးသမီး မွေးဖွားခဲ့သည့်ကလေးမှာ မိန်းကလေး ဖြစ်ကာ ယခုလက်ရှိ ထားဝယ်မြို့ ဇလွန်းကျောင်းဆရာတော်က […]


