ထားဝယ်အရှေ့တော ကျောက်မဲတောင်စခန်းအနီးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
April 23, 2025ထားဝယ်အရှေ့တောဒေသရှိ ထားဝယ်-ထီးခီးကားလမ်းပေါ်က ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီ ရဲစခန်းအနီးကို ယနေ့ ဧပြီလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ကျောက်မဲတောင်စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ် ရေးတပ်-PDF ပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်သံတော့ မကြားရသေးဘူး။ စခန်းကို ဝိုင်းထားတယ်လို့ပဲ မနက်က သတင်းရတာ၊ အခုလေးတင် ကျောက်မဲတောင်စခန်းဘက်ကို ဗုံးနှစ်လုံးကြဲချသွားတယ်” ဟု ဝကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှု မရှိကြောင်း ၎င်းက ဆိုသည်။ တောင်သုံးလုံး၊ ကျောက်မဲတောင်နှင့် မေတ္တာမြို့လမ်းပိုင်းကို KNLA/PDF ပူးပေါင်းတပ်များက ပိတ်လိုက်ပြီး ဒေသခံများကို ဘေးလွတ်ရာ […]


