သရက်ချောင်း မင်းဒပ်ရွာမှာ အရပ်သားတစ်ဦး မိုင်းထိ
Dawei Watch
June 29, 2025သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာတွင် ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ခန့်ရှိအမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “မင်းဒပ်ရွာအပြင်ဘက်မှာထိတာ ဆိုင်ကယ်စီးလာရင်းထိတာဆိုတော့ လူရောဆိုင်ကယ်ရော ဘာမှတော့သိပ်မဖြစ်ဘူး၊ ဒဏ်ရာအနည်းအကျဉ်းပဲရတယ်” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် မင်းဒပ်ရွာက နေအိမ်အားလုံးနီးပါးကို သော့ရိုက်ဖွင့်ရှာဖွေထားပြီး ဆိုင်ကယ်ငါးစီးကို ယူဆောင်သွားသဖြင့် ဦးမောင်သိန်းက ဝင်းဝစခန်းတွင် သွားရောက်ထုတ်ပြီးအပြန်တွင် မိုင်းစထိမှန်ခဲ့တာဖြစ်သည်ဟု မင်းဒပ်ရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်သွားထုတ်တာ မရလာဘူး၊ သူကလည်း အရက်ကမူးနေတယ် စစ်တပ်က အဲ့လမ်းကပြန်ဆိုပြီးညွှန်ပေးလိုက်တော့ သူကအဲ့လမ်းကပြန်လာတာမှာ အရင်ဆုံးခွေးကဖြတ်ပြေးလို့ မိုင်းထပေါက်တာ၊ သူ့ကိုက အစနည်းနည်းပါးပါးလာစင်တာလောက်ပဲ၊ ကျွန်တော်တို့ပြေးတက်လာကြည့်ချိန် သူက အရက်တောင်ပြန်ထိုင်သောက်နေပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ […]


