ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့်ဝင်ရှာ
Dawei Watch
March 17, 2025ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် မတ်လ ၁၂ ရက်မှ မတ်လ ၁၆ ရက်အထိ ငါးရက်ကြာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း ရွာသားများထံမှ သိရသည်။ မတ်လ ၁၂ရက်တွင် တောင်ရင်းအင်းရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောလမ်းအတိုင်း စစ်ကောင်စီတပ်သားများ စတင်ရောက်ရှိလာပြီး ကျေးရွာအတွင်း နေရာခွဲ၍ နှစ်ရက်ကြာတပ်စွဲကာ ဒေသခံများကို အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်း တောင်ရင်းအင်းရွာသားများက ပြောသည် ။ “ရွာထဲကို စစ်သားတွေ ဝင်လာတာနဲ့ ချက်ချင်း ယောင်္ကျားသားတွေက ရှောင်ကြတယ်။ စစ်သားတွေက အကုန်ပြန်ခေါ်ခိုင်းပြီး အိမ်ထောင်စုနဲ့ တိုက်စစ်တာမျိုးတွေ လုပ်သွားတယ်။ ကျန်တာတော့ ဘာမှမလုပ်ဘူး။ သူတို့က စစ်ကြောင်းထိုးသလို ဝင်လာပြီး အိမ်တွေမှာ နေရာခွဲပြီး တပ်စွဲတယ်။ စစ်ဆေးတာပဲ လုပ်သွားတယ်” ဟု […]


