လောင်းလုံးတိုက်ပွဲတွင် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းမှတိုက်ခိုက်၊ ဒေသခံများ ဒဏ်ရာရ
Dawei Watch
March 13, 2025လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနှင့် စမ်းလှမ်းကျေးရွာများအနီးတွင် ယနေ့ မတ်လ ၁၃ ရက် နံနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ရေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မောင်းမကန်ရဲစခန်းနှင့် လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြားရှိ လက်ခတ်တောင် စစ်ကောင်စီစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ချိန်းတည်းဝင်ရောက် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှစ်ခုလုံးသို့ အနောက်ဘက်ပင်လယ်ရှိ စစ်ကောင်စီရေတပ် စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ နံနက် ၁၀ နာရီကျော်အချိန်တွင်မူ စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးရောက်လာပြီး လက်ခတ်တောင်ကို ဗုံးနှစ်လုံးကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မျက်မြင် ဒေသခံတို့ကပြောသည်။ “လေယာဉ်နဲ့ဗုံးချသွားတာကို ကျွန်တော်တို့မြင်လိုက်ရတယ်။ ပြီးမှ သေနတ်နဲ့ဆွဲသွားတာ” ဟု ၎င်းဒေသခံကဆိုသည်။ နေ့လယ် ၁ နာရီခန်တွင်နောက်တစ်ကြိမ် လေယာဥ်ဖြင့် လက်ခတ်တောင်နေရာအား […]


