ထားဝယ်တွင် ၇ တန်းကျောင်းသူတစ်ဦး သုံးရက်ကြာအထိ ရှာမတွေ့
Dawei Watch
March 1, 2025ထားဝယ်မြို့ စာမေးပွဲဖြေပြီးနောက် အိမ်ပြန်မလာဘဲ ထွက်သွားသည့် ၇ တန်းကျောင်းသူတစ်ဦး သုံးရက်ကြာသည်အထိ ရှာမတွေ့သေး ကြောင်း မိသားစုဝင်များကပြောသည်။ ပျောက်ဆုံးနေသူမှာ အသက် ၁၆ နှစ်အရွက်ရှိ မလှိုင်မိုးဝေဖြစ်ပြီး ထားဝယ်မြို့ ဥသာရံ စာသင်ကျောင်းတွင် ၇ တန်း တက်ရောက်နေသူဖြစ်ကြောင်းသိရသည်။ မလှိုင်မိုးဝေသည် ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက ၇ တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီးချိန် ဦးလေးဖြစ်သူက ဥသာရံ ကျောင်းတွင်သွားကြိုစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အဒေါ် ဖြစ်သူကပြောသည်။ “ဖြစ်ဖြစ်ချင်း ဖုန်းဆက်ရသေးတယ်။ သူ အပြင်မှပဲနေမယ် သူ့သူငယ်ချင်းတွေ နဲ့ အလုပ်လုပ်တော့မယ်လို့ ပြောပြီး ဖုန်ချပစ်လိုက်တယ်။ နေရာမေးတော့လည်းမပြောဘူး။ ဖုန်းဆက် လည်းမရတော့ဘူး သူ့သူငယ်ချင်းအချို့ ဆီမှာလည်း မရှိဘူး ကျောင်းနားပတ်ဝန်းကျင်က ရပ်ကွက်မှာ ကျွန်မတို့ရှာ နေတာလည်း […]


