သရက်ချောင်း ဥတ္တူရွာတွင်တိုက်ပွဲဖြစ်ပြီး ရွာငါးရွာထက်မနည်းက ဒေသခံများတိမ်းရှောင်
Dawei Watch
February 22, 2025သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကဇိကျေးရွာဖက်မှတစ်ဆင့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့ပြီး ဥတ္တူကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ “မနေ့က မနက် ၈ နာရီလောက်ကနေစပြီး တိုက်ပွဲဖြစ်တာပဲ။ အဲဒီအချိန်ကစပြီး ပစ်နေကြတာ တစ်နေ့လုံး နားလိုက်ပြန်ပစ်လိုက် လုပ်နေကြတာ” ဟု ဥတ္တူရွာခံတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားနေသဖြင့် အနီးအနားရှိ ကျေးရွာငါးရွာထက်မနည်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။ “မဲနယ်အိုး၊ ပန်းပြင်၊ ဥတ္တူ အများကြီးပဲ၊ ငါးရွာလောက်အနည်းဆုံးရှိတယ်၊ အခုရှောင်နေရတာ” ဟု ဒေသခံအခြားတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း ဒေါင်းညီနောင်စစ်ကြောင်းက တပ်ဖွဲ့ဝင်သုံးဦး သေဆုံးကြောင်းလည်း ဒေသခံများက […]


