လောင်းလုံးပကဖနှင့် ပူးပေါင်းလာသည့် စစ်မှုထမ်းနှစ်ဦး စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို
Dawei Watch
February 13, 2025စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်းငါးဦး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ပူးပေါင်းပြီး ၎င်းတို့အနက် နှစ်ဦးမှာ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်မည်ဖြစ်ကြောင်း ပကဖ ဒုတာဝန်ခံက ပြောသည်။ ပကဖတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူငါးဦးမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နှင့် အပတ်စဉ် (၂) တို့အတွက် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတို့တွင်စုဆောင်းခံရပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းတွင် တာဝန်ကျသူများ ဖြစ်ကြောင်း ပကဖထံမှ သိရသည်။ အဆိုပါစစ်မှုထမ်းငါးဦးသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလထဲတွင် တစ်ဦးချင်းသော်လည်းကောင်း၊ နှစ်ယောက်တွဲ သော်လည်းကောင်း လာရောက်ပူးပေါင်းသူများရှိသည့်အပြင် ပကဖတပ်ဖွဲ့က တပ်ရင်းအနီးအထိသွားပြီး ချိတ်ဆက် ခေါ်ထုတ်လာသူလည်းရှိကြောင်း ပကဖ ဒုတာဝန်ခံက ဆိုသည်။ ယင်းအနက် အစောဆုံး လာရောက်ပူးပေါင်းသူတစ်ဦးမှာ ပကဖတပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ […]


