ပကာရီရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်၍ ဒေသခံသုံးဦး ကျည်ဆန်ထိမှန်
Dawei Watch
February 19, 2025စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပကာရီကျေးရွာဘက်သို့ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ကျည်ဆန်ထိမှန်သွားကြောင်း သိရသည်။ ထားဝယ်အရှေ့တောဒေသ ပကာရီရွာ၌ စစ်ကောင်စီတပ်သားများ နေရာယူထားသည့် ဂိတ်နှင့်စခန်းကို တော်လှန်ရေးအင်အားစုများက ဖေဖော်ဝါရီလ ၁၈ ရက်ညတွင် သွားရောက်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည် ။ တော်လှန်ရေးအင်အားစုများ သွားရောက်ပစ်ခတ်ပြီးနောက် နာရီဝက်အကြာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ချက်ခန့် ပြန်လည်ပစ်ခတ်ရာတွင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ “၈ နာရီခွဲလောက်ဂိတ်ကို လာပစ်တာအသံတွေကြားရပြီး ရပ်သွားတယ်။ ၉ နာရီထိုးလောက်မှ ဂိတ်ဘက်က ပြန်ပစ်ချတယ်။ အားလုံး ခြောက်ချက်ကြားလိုက်ရတယ်” ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။ စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ခြောက်ချက်အနက် ကျည်ဆန်တစ်လုံးသည် ပကာရီရွာအောက်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွာသားများထံမှသိရသည်။ […]


