ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ
Dawei Watch
February 5, 2025ထားဝယ်-ထီးခီးလမ်းပိုင်း မေတ္တာမြို့အထွက် ကားလမ်းမပေါ် တွင် ဆိုင်ကယ်စီးလာသည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖေဖော်ဝါရီလ ၂ရက် နေ့လယ်ပိုင်းက မြေမြှုပ်မိုင်းနင်းမိကြောင်း ကာယကံရှင်နှင့်နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မိုင်းနင်းမိသူမှာ နော်ဂျူးနီးထာ ဖြစ်ပြီး မေတ္တာမြို့တွင် (ခရစ်ယာန်) ဘုရားရှိခိုးကျောင်းလာတက်ပြီးနောက် မြို့ပြင် ဥယျာဥ်ခြံထဲရှိ နေအိမ်သို့ ပြန်လာစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ဆိုင်ကယ်ကတော့ မိုင်းနင်းမိပြီး ပျက်စီးသွားတယ်။ လူမှာက ခြေဖနှောင့် နည်းနည်းထိတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါမြေမြှုပ်မိုင်းအား မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကိုမူ မသိရပေ။ ယခု မိုင်းနင်းမိသည့် လမ်းပိုင်းတွင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲပြီးနောက် လမ်းပိုင်းတွင် မိုင်းများရှိနေသည်ဟု […]


