မြန်မာနိုင်ငံတောင်ပိုင်းတွင် မုတ်သုန်စဝင်ပြီ
Dawei Watch
May 16, 2025မြန်မာနိုင်ငံတောင်ပိုင်းသို့ အနောက်တောင်မုတ်သုန်လေသည်ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ ဝင်ရောက်နေပြီဖြစ်သဖြင့် မိုးရာသီစတင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးဇလဌာနက ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုတ်လေသည် မြန်မာနိုင်ငံငံတောင်ပိုင်းရှိ ကော့သောင်းမြိုနယ်သို့ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသလေ့လာသူ ဦးဌေးတင့်၏ လူမှုကွန်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းကြောင့် တနင်္သာရီတိုင်းထဲရှိ ကော့သောင်း၊ထားဝယ်၊မြိတ်နှင့် ပုလော မြို့နယ်များတွင် မုတ်သုန်မိုးများ စတင်ရွာသွန်းနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ” ဒီအပတ်ထဲ မိုးရွာတယ်လွန်ခဲ့တဲ့ လေးရက်လောက်က၊ ရက်ဆက်ရွာနေတာတော့မဟုတ်ဘူး “ဟု ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပြီးခဲ့သည့်မေလဆန်းပိုင်းက စပြီး မိုးများစတင်ရွာသွန်းနေကြောင်း ဒေသခံများကပြောသည်။ အနောက် တောင်မုတ်သုန်လေမှာ ပြီးခဲ့သည့် နှစ်ထက် ယခုနှစ် အဝင်စောခဲ့ပြီး ၂၀၂၄ ခုနှစ်က အနောက်တောင်မုတ်သုန်လေမှာ မေလ […]


