ထားဝယ်၊ အရှေ့တော ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး သေဆုံး
Dawei Watch
May 14, 2025ထားဝယ်အရှေ့တော ဘဝပင်ရွာနှင့် ဝကုန်းရွာကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦး သေဆုံးသွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ)နှင့် ဒေသခံအချို့က ပြောသည်။ မေလ ၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ) က အသက် ၂၅ နှစ်ခန့်ရှိ ရဲဘော်ပိုင်ပိုင် သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ယင်းတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ယာမီးလောင်(ထား)တဲ့တောကို ဖြတ်(သွား)တာမှာ ကင်းသမားနဲ့အရင်တွေ့လို တော်သေးတယ်။ မဟုတ်ရင် အကုန်သွားပြီ၊ သူတို့က တောင်ပေါ်က ကျွန်တော်တို့က တောင်အောက်ကလိုဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးထိခိုက်နိုင်သည်ဟု ယင်းတာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။ “စစ်တပ်ဘက်ကလည်း ငါးယောက်လောက်နာတယ်ပြောတယ်၊ အတိအကျတော့ အတည်မပြုနိုင်ဘူးပေါ့နော်” […]


