ထားဝယ်မြို့ ပေါက်တိုင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေယာဉ်ပျံဝဲ
Dawei Watch
May 7, 2025ထားဝယ်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပေါက်တိုင်းတံတားဂိတ် ယနေ့ မေလ ၇ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများနှင့် ပိတ်မိနေသည့် ကားသမားများက ပြောသည်။ မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ အဆိုပါဂိတ်တွင် နံနက် ၆နာရီဝန်းကျင်မှ ၇ နာရီဝန်းကျင်အထိ တစ်နာရီနီးပါးကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများကြားရကြောင်း တံတားအနီးရှိ ကျောက်ရပ်ရွာတစ်ဦးက ပြောသည်။ “၆ နာရီထိုးဖို့ ၅ မိနစ်အလိုမှာ စပစ်တယ်။ အသံက ဆက်တိုက်ကြားလိုက် စဲသွားလိုက်နဲ့ ၇ နာရီထိုးဖို့ ၁၅ မိနစ်အလိုမှ ပစ်သံ လုံးဝစဲသွားတယ်။ လက်နက်ကြီးအသံလည်း တော်တော်ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း ကျောက်ရပ်ကျေးရွာအုပ်စုအနီးရှိ ရှမ္မတွင်းကျေးရွာအုပ်စုဘက်တွင်လည်း စစ်ကောင်စီဘက်က ကင်းထောက်လေယာဉ်ဟု ယူဆရသည့် […]


