ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ဥပဒေ အထောက်အကူပြုအဖွဲ့ထံ အမှုကိစ္စ အကူအညီ တောင်းခံသူနည်းသေး

diz_admin

April 27, 2020

နှစ်နှစ်ကျော်ကာလအတွင်း လောင်းလုံးမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ လာရောက်အကူအညီတောင်းခံသည့်အမှု ၁၅ ခု သာရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ယင်းအဖွဲ့ရုံးခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။ လာရောက်တောင်းခံသည့်အမှုများအနက် သုံးခုကို အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်စိုးက ပြောသည်။ အခမဲ့လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အမှုများမှာ လောင်းလုံးမြို့ပေါ်၊ သဗျာနှင့် ကဒက်ငယ်ထိန်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သည့် ခိုးမှု၊ အိမ်ကျော်နင်းမှု၊ မီးပေါ့ဆမှု တို့ဖြစ်ပြီး ကျန် အမှုများကိုမှု ဥပဒေဆိုင်ရာအကြံပေးပြီး သက်ဆိုင်ရာရဲစခန်းထံ ညွှန်းပို့ပေးခဲ့ကြောင်း ဦးဉာဏ်စိုးက ပြောသည်။ “အဲဒီ သုံးမှုစလုံး ကွင်းလုံးကျွတ် လွတ် သွားတယ်”ဟု ၎င်းက ဆိုသည်။လောင်းလုံးမြို့နယ်ရှိ ဒေသခံအချို့အား မေးမြန်းကြည့်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ယင်းဥပဒေဆိုင်ရာ အထောက်အကူပြုဖွဲ့ ရုံးခန်း ဖွင့်လှစ်ထားသည်ကိုပင် သိရှိသူ […]

တနင်္သာရီတိုင်းအတွင်း လွတ်ငြိမ်းခွင့်ရသူ တစ်ထောင်ကျော်ရှိ

diz_admin

April 17, 2020

မြန်မာနှစ်သစ်ကူး အချိန်တွင် တနင်္သာရီတိုင်းအတွင်း သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူ တစ်ထောင်ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းခိုင်က ပြောသည်။ တိုင်းအတွင်းရှိ အကျဉ်းထောင် ၃ ခုနှင့် အလုပ်စခန်း ၃ ခုမှ စုစုပေါင်း ၁၁၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း ၎င်းက ဆိုသည်။ ထိုလွတ်ငြိမ်းခွင့်ရသူများအနက် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြား ၉ ဦးပါဝင်ကြောင်း ဦးထွန်းခိုင်က ဆိုသည်။ “(နိုင်ငံခြားသား) ထားဝယ်တို့ မြိတ်တို့မှာ မပါဘူး၊ ကော့သောင်းတစ်ခုပဲပါတယ်”ဟု ဦးထွန်းခိုင်က ပြောသည်။ ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရသူ ၁၄၅ ဦးရှိပြီး ၎င်းတို့ကို ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံသို့ ကားများဖြင့် ပို့ဆောင်ခဲ့သည်။ ယင်းနေရာမှတစ်ဆင့် မြို့နယ်အလိုက်ပြန်ခွဲကာ သက်ဆိုင်ရာ မြို့နယ်များကို ကားဖြင့်ပြန်ပို့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

ရေလှူသူ ငါးဦးထက်ပိုမသွားရ

diz_admin

April 16, 2020

ထားဝယ်ခရိုင်အတွင်း ရေရှားဒေသများသို့ ရေအလှူသွားမည်ဆိုပါက လူငါးဦးထက်ပိုမသွားရဆိုသည့် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ “(လူငါးဦးထက်မပိုစေရန်) ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ကြပ်မတ်ဆောင်ရွက်ရမှာပေါ့နော်” ဟု ၎င်းကဆိုသည်။ လက်ရှိအချိန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်သည့်အနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည့် အချိန်ဖြစ်သောကြောင့် ယင်းအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းဒေသန္တရအမိန့်ကို ဧပြီလ ၁၄ ရက်က ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ကျော်သူစိုး

ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းလိုက်တဲ့ရွာ

diz_admin

April 15, 2020

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ ဘောလုံးကွင်းကို ဈေးအဖြစ် ပြောင်းဖွင့်လိုက်ပါတယ်။ ဘောလုံးကွင်းဈေးအသစ်ကို ဧပြီလ ၁၅ ရက်မှစပြီး ပြောင်းလိုက်တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဈေးရောင်းသူ တစ်ဦးနှင့် တစ်ဦး ကိုးပေစီခွာပြီး ရောင်းချနိုင်ရန်ဖို့ ဒီလိုစီစဉ်တာဖြစ်တယ်လို့ဆိုပါတယ်။ လူထောင်ချီစုဝေး နေကြတဲ့ မြို့ပေါ်က‌ဈေးမှာ ‌ရောင်းသူ၊ ဝယ်သူ နှာခေါင်းစည်းတပ်ကြဖို့ ပြောဆိုနေချိန်မှာ လူရာဂဏန်းမပြည့်တဲ့ ကျေးလက်ဈေးတစ်ခုကတော့ အခုလို ကိုးပေခွာ ဈေးရောင်းတာကို စတင်လိုက်တာပါ။ ဘောလုံးကွင်းဈေးလုပ်ဖို့အတွက် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကိုလည်း အသိပေးထားဖြစ်တယ်လို့ ညင်းမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးထိုက်က ပြောပါတယ်။ ညင်းမော်ဈေးကိုတော့ နံနက် ၄ နာရီဝန်းကျင်မှ ၈ နာရီဝန်းကျင်အထိ ဖွင့်လှစ်ပါတယ်။ ကျော်သူစိုး

ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင်ကိစ္စ တရားစွဲမည်

diz_admin

April 14, 2020

ကိုရိုနာရောဂါပိုး ကူးစက်ပြန့်ပွားနေသည့် ကာလတွင် ဘုန်းကြီးပျံပွဲကျင်းပသည့် ရေဖြူမြို့နယ်ကိစ္စနှင့် မြိတ်မြို့တွင် လုပ်ဆောင်သွားသည့် မင်္ဂလာဆောင်ကိစ္စကို တရားစွဲဆိုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူမြို့တွင် သက်တော် ၈၃ နှစ်အရွယ် ဆရာတော်ပျံလွန်တော်မူသွားသည့်အတွက် ဈာပန အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ မြိတ်မြို့တွင် ကိုရိုနာရောဂါအတည်ပြုလူနာအမှတ် ၂၅ လာရောက်ခဲ့သည့် မင်္ဂလာဆောင်အခမ်းအနားကို မတ်လ ၂၄ ရက်တွင် ကျင်းပခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံးဝမလုပ်ရန် မတ် ၂၁ ရက်နေ့က ညွှန်ကြားထားပြီး ပြုလုပ်က အရေးယူရန် မတ်လ ၂၈ ရက်တွင် ညွှန်ကြားထားသည်။ ယင်းအတွက်ကြောင့် ရေဖြူဘုန်းကြီးပျံနှင့် မြိတ်မင်္ဂလာဆောင် ဦးဆောင်သူများကို […]

မြိတ်နှင့် ထားဝယ်မှ စောင့်ကြည့်လူနာ ၃၀ နီးပါး ဓာတ်ခွဲ နမူနာပို့

diz_admin

April 14, 2020

ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်မှ ကိုရိုနာရောဂါပိုးရှိ/ မရှိ ဓာတ်ခွဲစစ်ဆေးထားသူ သုံးဆယ်နီးပါး၏ အဖြေကို ယနေ့ည သိရဖွယ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ ၁၃ ရက်နေ့က ထားဝယ်ဆေးရုံကြီးနှင့် တနင်္သာရီဆေးရုံတို့မှ စောင့်ကြည့်လူနာ ၆ ဦး၏ ဓာတ်ခွဲနမူနာပေးပို့ထားသည်။ ဧပြီလ ၁၄ ရက်နေ့တွင် အတည်ပြုလူနာအမှတ် ၂၅ နှင့် ဆက်နွယ်ထိတွေ့ခဲ့သူ ၂၀ ဦးနှင့် မြိတ်နှင့် တနင်္သာရီဆေးရုံမှ တစ်ဦးစီ၏ ဓာတ်ခွဲနမူနာများ ပေးပို့ထားသည်။ ဧပြီလ ၁၃ ရက်နေ့က နမူနာပေးပို့ထားသူ ၆ ဦး၏ အဖြေကို ယနေ့ညသိနိုင်မည်ဖြစ်ပြီး ယနေ့ပို့ထားသူများ၏ အဖြေလည်း ပါလာနိုင်ဖွယ်ရှိကြောင်း ဒေါက်တာထွေးမြစိုးက ဆိုသည်။ “အဖြေထွက်နိုင်တယ်ပေါ့နော်” ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဧပြီလ […]

လောင်းလုံးမြို့နယ်အတွင်း ရေမကစားရ ဒေသန္တရအမိန့် လူအချို့ ဖောက်ဖျက်

diz_admin

April 13, 2020

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားသော ရေမကစားရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်သူများရှိနေသည်။ ကား၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာခြင်းအပါအဝင် မည်သည့်‌ရေပက်ကစားခြင်းကိုမျှ ခွင့်မပြုကြောင်း စသည့် အချက် ၁၀ ချက်ပါ ဒေသန္တရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဧပြီလ ၁၁ ရက် ရက်စွဲဖြစ် ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော် သင်္ကြန်ကာလအတွင်း ‌ကျေးရွာအချို့တွင် ကလေးငယ်များ ရေပက်ကစားခြင်း၊ လူငယ်ဆယ်ဦးထက်မနည်း အုပ်စုဖွဲ့ကာ ဆိုင်ကယ်ဖြင့်သွားလာနေခြင်းများရှိနေသည်ကို တွေ့မြင်နေရသည်။ ဧပြီလ ၁၂ ရက်က လောင်းလုံးမြို့နယ် တီဇစ်ကမ်းခြေသို့ ဆယ်ဦးထက်မနည်းသော လူငယ်အုပ်စုက ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ကြောင်း လောင်းလုံးမြို့မစခန်းမှူး ဒုရဲမှူးဝင်းလွင်ကပြောသည်။ ယင်းလူငယ်များကို ကမ်းခြေဆင်းခွင့်မပြုဘဲ အသိပညာပေးကာ အုပ်ထိန်းသူများထံ ပို့ပေးခဲ့ကြောင်း ဒုရဲမှူး ဝင်းလွင်က‌ပြော သည်။ ယင်းအပြင် ဆောင်းဘောက်ဖွင့်ကာ အုပ်စုလိုက်ရေအလှူသွားနေသော […]

သင်္ကြန်ကာလ ရေမကစားရန် အမိန့်ထုတ်

diz_admin

April 11, 2020

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် သင်္ကြန်ကာလအတွင်း မည်သည့်ရေပက်ကစားခြင်းကိုမျှ မပြုလုပ်ရဟု ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧပြီလ ၁၀ ရက်နေ့တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး၌ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေသဖြင့် အဆိုပါ ကူးစက်မြန်ရောဂါ ထားဝယ်မြို့နယ်တွင် ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ယင်းအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အုန်းလက်မဏ္ဍပ်၊ ကလေးသင်္ကြန်မဏ္ဍပ်နှင့် မည်သည်ရေပက်ခံမဏ္ဍပ်ကိုမျှ ဆောက်လုပ်ရေကစားခြင်းမပြုရန်နှင့် ရေပက်ခံယာဉ်များ၊ သုံးဘီးယာဉ်များ၊ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လှည့်လည်ရေကစားခြင်းများကို မပြုလုပ်ရဟု ထုတ်ပြန်ချက်တွင် အချက် ၁၀ ချက်ခန့် ဖော်ပြထားသည်။ မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊ စက်တပ်ယာဉ်များတွင် ပါဝါအိတ်ဇောတပ်၍ မောင်းနှင်ခြင်း၊ ပြိုင်မောင်းခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ နံပါတ်ပြားမရှိဘဲ မောင်းနှင်ခြင်း၊ မူးယစ်သောက်စားကာ မောင်းနှင်ခြင်းနှင့် အမျိုးသမီးများအား ကာယိန္ဒြေပျက်ပြားစေနိုင်သော အပြုအမူများ မပြုလုပ်ရဟု […]