ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အစိုးရ၏ ကိုဗစ်ကာကွယ်ရေး ထုတ်ပြန်ချက်များ မေ ၁၅ ထိ သက်တမ်းတိုး

diz_admin

May 4, 2020

COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်ထောင်စုနှင့် တနင်္သာရီတိုင်းဒေသကြီး COVID – 19 ကာကွယ်ရေးကော်မတီတို့မှ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော် ငြာစာ၊ ညွှန်ကြားချက်အားလုံးကို မေလ ၁၅ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် လိုက်သည်။ ၎င်းအမိန့်ကြော်ငြာစာနှင့် ညွှန်ကြား ချက်များသည် မူလက ဧပြီလ ၃၀ ရက် ထိသာ သတ်မှတ်ထားရာမှ မေလ ၁၅ ရက်ထိ ရက်တိုးမြှင့် သတ်မှတ်လိုက် ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။ “အရင်ထုတ်ပြန်ထားတဲ့ အမိန့် ကြော်ငြာစာတွေ အကုန်လုံးက မေ ၁၅ ရက်နေ့အထိ အတည် ဖြစ်သွားပါတယ်။ ရောဂါပိုး ကာကွယ်ရေး အခြေအနေ အရပါ”ဟု […]

ကိုဗစ်ကပ်ဘေးအကြား တိုင်းလွှတ်တော် မေ ၁၈ တွင် ပြန်စမည်

diz_admin

May 4, 2020

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်ကို မေလ ၁၈ ရက်နေ့တွင် ကျင်းပရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ အစည်းအဝေးတွင်တနင်္သာရီတိုင်း ဒေသကြီးအသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုရန်ရှိကြောင်းဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့်အစည်းအဝေးခန်းမ အတွင်းခုံများကို ၆ ပေစီခွာနေရာချထားကာ ကျင်းပမည်ဟု ၎င်းက ပြောသည်။ “မီဒီယာတစ်ယောက် နှစ်ယောက်ပဲ ဖိတ်မယ်။ ဧည့်သည်တော်တွေ၊ လေ့လာ သူတွေ မဖိတ်တော့ဘူး”ဟု ဦးခင်မောင်အေးက ပြောသည်။ ယခုအစည်းအဝေးမှာ ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏၁၆ ကြိမ်မြောက် ပုံမှန်အစည်း အဝေးဖြစ်ပြီး ၁၅ ကြိမ်မြောက်လွှတ်တော်ပုံ မှန်အစည်းအဝေးကို၂၀၂၀ ခုနှစ်ဇန်နဝါရီ လကုန်ကကျင်းပခဲ့သည်။ လွှတ်တော် အစည်းအဝေးကိုဧပြီ ၁ တွင်ကျင်းပရန် ကြေညာခဲ့ဖူးပြီး ကိုဗစ် ဂယက်ကြောင့် ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ပြီးနောက် […]

“တန်းတူအခွင့်အရေးဆိုတာ ဘာလဲ”

diz_admin

May 4, 2020

ကိုဗစ် လျှပ်စစ်ယူနစ် ခံစားခွင့် ထားဝယ်မပါ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျှော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်းထား ၁၀၀ ကျပ် လျှော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ်လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။ အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် […]

တနင်္သာရီတိုင်းတွင် လျှပ်စစ်မီတာ တစ်လုံး ကျပ် ၅၀၀၀ ထောက်ပံ့ရေး တွက်ချက်

diz_admin

May 3, 2020

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်သုံးစွဲသူများကို မီတာ တစ်လုံး ၅၀၀၀ ကျပ် ထောက်ပံ့နိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးလျက်ရှိသည်။ မေလ ၃ ရက်နေ့က ကျင်းပသော တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ သင့်တင့်သောဓာတ်အားခနှုန်းထားရရှိရေး ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ဆွေးနွေးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးစီးဖွဲ့စည်းထားသော ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်မီး သုံးစွဲသူများမှာ ဧပြီလအတွက် ယူနစ် ၁၅၀ အခမဲ့ ရရှိမည်ဖြစ်သည်။ သို့သော် တနင်္သာရီတိုင်းဒေသကြီးမှာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသေးသဖြင့် ထိုခံစားခွင့် မရရှိပေ။ ယင်းကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို ထောက်ပံ့နိုင်ရေး မီတာ တစ်လုံး ကျပ် […]

မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ် ၆ လုံး အမှုဖွင့်ခံရ

diz_admin

April 28, 2020

နာမည်ကျော် မောင်းမကန်ရေပူစမ်းအနီးရှိ နေအိမ်၆လုံးကိုပိုင်နက်ကျူးလွန်မှုဖြင့် တပ်မတော်ကအမှုဖွင့်ထားကြောင်း မောင်းမကန်နယ်မြေရဲစခန်းနှင့် ၎င်းအိမ်ပိုင်ရှင်များထံမှ သိရသည်။ မောင်းမကန်-ပန်းတင်အင်းရွာ လမ်းဘေးရှိ ယင်းအိမ်၆လုံးမှာ တပ်မတော်ပိုင်မြေဟုဆိုသည့် မောင်းမကန်ရေပူစမ်း မြေဧရိယာ ၁၉ ဒသမ ၆၇ ဧက အတွင်းကျရောက်နေသည်ဟုဆိုကာ ထွက်ခွာပေးရန် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။ တပ်မတော်မှဗိုလ်ကြီးတစ်ဦးက ၎င်းမြေကိုတပ်မတော်က ပိုင်ဆိုင်ကြောင်း အထောက်အထားများပြသကာ တရားလိုပြုလာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မောင်းမကန်နယ်မြေရဲစခန်းစခန်းမှူးက ပြောသည်။ “ပိုင်ဆိုင်မှုအထောက်အထားပြနိုင်ရင် ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)နဲ့ အမှုဖွင့်ပေးရတယ်။ အမှုတွဲတည်ဆောက်ဆဲပါ” ဟုစခန်းမှူးက ပြောသည်။ပြီးခဲ့သည့်ဧပြီလ၁၇ရက်က အိမ်ရှင်များကိုစခန်းသို့ခေါ်ယူစစ်မေးခဲ့ကြောင်း စခန်းမှူးက ပြောသည်။ အိမ်ရှင်အချို့ကမူ ၎င်းတို့အနေဖြင့် မြေပိုင်ဆိုင်မှုအထောက်အထားရှိသည့် မူလပိုင်ရှင်ထံမှလွန်ခဲ့သည့်၁၀ နှစ်ခန့်ကဝယ်ယူခဲ့ပြီး ၎င်းတို့ဝယ်ယူစဉ်က မြေစာရင်းနှင့် ရပ်ရွာတာဝန်ရှိသူများကတိုင်းတာပေးခဲ့ကြောင်း ပြောကြသည်။ ယင်းသို့ဝယ်ယူစဉ်က တပ်မတော်ကတပ်ပိုင်မြေဆိုင်းဘုတ်စိုက်ထူထားမှု မရှိသည့်အပြင်ခြံအတွင်းသစ်ပင်သီးနှံ စိုက်ပျိုးခြင်းနှင့်အိမ်ဆောက်နေထိုင်စဉ်အတွင်း တပ်မှ တစ်စုံတစ်ရာလာရောက်ဟန့်တားခြင်းမျိုးမရှိခဲ့ဘဲ […]

ကိုဗစ်ကြောင့် တိုင်းအတွင်း ဟိုတယ် ထက်ဝက်ကျော် ယာယီပိတ်

diz_admin

April 28, 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် ခရီးသွားလာမှု မရှိသလောက်ရပ်ဆိုင်းသွားခဲ့သည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်ထက်ဝက်ကျော် ယာယီရပ်နားထားကြကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ဟိုတယ်ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၄၆ လုံးရှိပြီး လက်ရှိတွင် ၂၂ လုံးသာ ဖွင့်တော့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ ဟိုတယ်အများစုက ယခုလအစောပိုင်းတွင် စတင်ပိတ်ကြခြင်းဖြစ်သည်။ ယခင်နှစ်များက ဧပြီလတွင် ခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားမရှိသလောက်နည်းသွားကြောင်း ဟိုတယ်ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ ကိုဗစ်ကြောင့် အထိနာဆုံးကဏ္ဍလို့ပြောရင်တော့ ပြောလို့ရပါတယ်”ဟု ဦးညိုအေးက ပြောသည်။ အထက်ပါ ယာယီပိတ်ထားသည့် ဟိုတယ်အရေအတွက်မှာ ဟိုတယ်ခရီးဌာနထံ စာဖြင့် တရားဝင်အကြောင်းကြားထားသည့် အရေအတွက်ဖြစ်ပြီး […]

တိုင်းအစိုးရလုပ်ငန်း အီလက်ထရွန်းနစ်ပြောင်းရန် ယခုနှစ် ကျပ်သိန်းနှစ်ထောင်သုံးမည်

diz_admin

April 28, 2020

တိုင်းအစိုးရကE-Government (အီလက်ထရွန်းနစ်အစိုးရ) လုပ်ငန်း အတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ်သိန်း နှစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ကျပ်သိန်းနှစ်ထောင်အသုံးပြုပြီး ပါက ဝန်ကြီးအခန်းအတွင်းမှ ဗီဒီယိုဖုန်း ခေါ်ဆိုမှုများ၊ တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အီးမေးလ်ပေးပို့ခြင်းများ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြောရမယ်ဆိုရင်တော့ on paper (စာရွက်စာတမ်း)တွေက တဖြည်းဖြည်း ချင်းလျော့နည်းသွား လိမ့်မယ်”ဟု ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ E-Government အတွက်လာမည့် ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၈၄၀ ကျော် သုံးစွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အထက်ပါ စနစ်တစ်ခုလုံး လုပ်ငန်း ပြီးစီးအောင် လုပ်ဆောင်မည်ဆိုပါက ငွေကျပ် ၁ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ တိုင်းအစိုးရ၏ […]

အခြေခံပညာ အတန်းအောင်စာရင်း ထုတ်ပြန်မည့်ရက် ရွှေ့ဆိုင်း

diz_admin

April 28, 2020

အခြေခံပညာအတန်းများ အောင် စာရင်းထုတ်ပြန်မည့်ရက်ကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အခြေခံပညာ အတန်းများ၏ အဖြေလွှာ စစ်ဆေးမှုကို ရပ်နားထားသဖြင့် အဖြေ လွှာစစ်ဆေးမှု ပြီးစီးမှသာ အောင်စာရင်း ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ မြို့နယ်အချို့တွင် အဖြေလွှာစစ် ဆေးမှု ၃၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ် သော်လည်း အချို့မြို့နယ်များတွင် အဖြေလွှာစစ်ဆေးမှု လုံး၀မပြုလုပ်သေး ကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် မည့်သည့်အချိန်တွင် အဖြေလွှာစစ်ဆေးမည်ကို မသိရသေးကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။ ယင်းသို့သော အခြေအနေများ ကြောင့် အခြေခံပညာကျောင်းဖွင့်ရက်များလည်း နောက်ကျသွားနိုင်သည်ဟု ဒေါ်မြင့်စိန်က ခန့်မှန်းသည်။ ပြီးခဲ့သည့်နှစ်က အခြေခံပညာ အတန်းများ၏ အောင်စာရင်းကို ဧပြီလ ၂၆ […]