ရာသီပေါ်စထက် ဒညင်းသီးဈေး ကျ
diz_admin
June 12, 2021ရာသီစပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက ဒညင်းသီးဈေး တစ်ပုံးလျင် နှစ်ထောင်ကျပ်ခန့်ဈေးကျနေကြောင်း ထားဝယ်မြို့ရှိ ပွဲရုံအချို့ထံမှ သိရသည်။ ဒညင်းသီးစပေါ်ချိန် သင်္ကြန်မတိုင်မီက အခွံပါဒညင်းသီး တစ်ပုံး (၉ ပိသာခွဲပါ) လျှင် ၇၀၀၀ ကျပ်ခန့်ရှိပြီး ယခု ဇွန်လတွင်မူ ၅၀၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “အဲဒီလိုပဲ ပေါလာတယ်ဆို ဈေးကျလာတယ်၊ များလာတယ်ဆို ဈေးကကျလာတာပဲ၊ ရခိုင်ဘက်ကလည်း မယူတော့ဘူးဆိုတော့ ဈေးကျလာတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်ရှိ ဦးမြင့်လွင်ပွဲရုံ ပိုင်ရှင်က ဆိုသည်။ ၂၀၁၉ ခုနှစ်က ထားဝယ်ဒေသထွက် ဒညှင်းသီးတစ်ပုံးလျှင် ၁၂၀၀၀ ကျပ်ခန့်အထိ ဈေးကောင်းရခဲ့သော်လည်း ကိုဗစ်ကာလတွင် တစ်ပုံးလျှင် ကျပ် ၄၀၀၀ ခန့်သာ ရခဲ့သည်။ ထားဝယ်ဒေသထွက် ဒညှင်းသီးကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ […]


