ထားဝယ်ရိုးရာသပိတ်မျောပွဲ မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတက်
diz_admin
October 4, 2021ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကျင်းပရန် မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတွေတက်နေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့ထံက သိရသည်။ ယခင်က သပိတ်အိုးတစ်လုံးလျှင် ဖောက်သည်ဈေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိတွင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဖြစ်နေသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ ယင်းပြင် ယခင်က ဆီမီးခွက်တစ်ထောင်လျှင် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ခန့်ပေါက်ဈေးဖြစ်နေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောသည်။ ဈေးကွက်ဝယ်လိုအားများပြီး ပစ္စည်းမထုတ်လုပ်နိုင်သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်ဈေးများ လိုက်တက်လာခြင်းဖြစ်ပြီး အိုးလုပ်ရာတွင် အသုံးပြုသည့် ဆေးပုံနှင့် အခြားပစ္စည်းဈေးများလည်းတက်နေသဖြင့် ဈေးတက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်မှ ဒေါ်ပန်းအိဖြူက ပြောသည်။ “ကိုဗစ်ဖြစ်တာနဲ့ နိုင်ငံရေးအခြေအနေကြောင့်ဆိုပြီး ရပ်နားလိုက်တယ်။ အိုးမရောင်းရဘူးဆိုပြီးတော့။ […]


