ထားဝယ်မြစ် ရေလယ်ကျွန်းပေါ် မတက်ရန် တားမြစ်၊ ဓနိသကြားချက်သူများ အခက်တွေ့
diz_admin
October 8, 2021ထားဝယ်မြစ် ရေလယ်ကျွန်းများပေါ် မတက်ရန် တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သူများ မိသားစုဝင်ငွေထိခိုက်ကာ အခက်တွေ့လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ညည်းတွားနေကြသည်။ အဆိုပါ မြစ်လယ်ကျွန်းများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှာ ၃၀ ရက်နေ့အထိ ထားဝယ်အခြေစိုက် အမြောက်တပ်မှ အမြောက်ပစ်လေ့ကျင့်မည်ဟု ထုတ်ပြန်ထားသည်။ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနေရာလေးခုတွင် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အထက်ပါကျွန်းများတွင် ဓနိပင်များရှိသည့်အတွက် ဒေသခံများက ဓနိသကြားချက်လုပ်သည့် လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ထိုသို့ထုတ်ပြန်ပြီးနောက် အထက်ပါကျွန်းများ ပတ်လည်တွင် ဆိုင်းဘုတ်အနီများထောင်ကာ လူတက်ရောက်နေထိုင်ခွင့်ကိုပါ ကန့်သတ်လိုက်ကြောင်း ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။ ယင်းကဲ့သို့တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သည့် လုပ်ငန်းများရပ်နားထားရပြီး မိသားစုဝင်ငွေထိခိုက်ရကြောင်း ဓနိသကြားချက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။ “တစ်သက်မှာ တစ်ခါမှ အခုလိုမကြုံဖူးဘူး။ အဖေ့လက်ထက်က စလုပ်လာတာ။ […]


