ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်
diz_admin
October 14, 2021ထားဝယ်ခရိုင်တွင် ဆယ်ရက်ကြာ လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် Petro &Trans ကုမ္ပဏီထံမှ သိရသည်။ မီးသုံးသူများအား အောက်တိုဘာလ ၁၅ ရက်မှ ၂၄ ရက်နေ့အထိ အချိန်ပိုင်းအလှည့်ကျ လျှပ်စစ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။ အထက်ပါရက်များအတွင်း ညနေ ၅ နာရီမှ ည ၈ နာရီအထိ အလှည့်ကျဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ ကုမ္ပဏီက သဘာဝဓာတ်ငွေ့သုံး မီးစက်များဖြင့် လျှပ်စစ်ထုတ်လုပ်နေခြင်းဖြစ်သည်။ ထားဝယ်ခရိုင် လျှပ်စစ်မီးအတွက် သဘာဝဓာတ်ငွေ့ဖြန့်ဖြူးနေသည့် ဇောတိကဓာတ်ငွေ့ပိုက်လိုင်းအား နှစ်စဉ်ပြုလုပ်နေကြအတိုင်း အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ Gas Full Shutdown လုပ်မည်ဖြစ်သည့်အတွက် အချိန်ပိုင်းမီးပြတ်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးသက်ဇော်အောင်က ဆိုသည်။ ထိုကဲ့သို့ ဓာတ်ငွေ့ပိုက်လိုင်းပိတ်ထားချိန်တွင် ဓာတ်အားခွဲရုံများရှိ […]


