သေနတ်ပစ်ခံရသည့် ဦးညီညီအောင် သေဆုံး၊ Guerrilla Dawei အဖွဲ့က ရှင်းလင်းခဲ့ဟု ထုတ်ပြန်
diz_admin
October 22, 2021မြို့လယ်တွင် သေနတ်ပစ်ခံရသည့် ထားဝယ်ခရိုင် စစ်ကောင်စီအဖွဲ့ဝင် ဦးညီညီအောင် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ပြီး ဒလန်ဖြစ်သောကြောင့် ထိုသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း Guerrilla Dawei အဖွဲ့က ထုတ်ပြန်ထားသည်။ မျက်နှာနှင့် လည်ပင်းတဝိုက်တွင် သေနတ်ကျည် ၁၀ ချက်ထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာမှာပင် အသက်ပျောက်နေပြီဖြစ်ကြောင်း ဦးညီညီအောင်၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ လက်ရှိတွင် အလောင်းအား ထားဝယ်ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိသည်ဟုဆိုသည်။ ” ပြီးရင် အိမ်ကို ပြန်ယူမှာပေါ့နော်” ဟု အထက်ပါမိတ်ဆွေဖြစ်သုက ပြောသည်။ ဦးညီညီအောင်သည် ထားဝယ်မြို့တွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်များနှင့် တော်လှန်ရေးသူရဲကောင်းများကို အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနိုင်ရန်ထောက်လှမ်းသတင်းပေး နေသည့် အပြင် ရာထူးအာဏာရရှိရေးအတွက် စစ်ကောင်စီလက်အောက်ခံ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတစ်ဦးဖြစ်ကြောင်း သတင်းအတိအကျရရှိခြင်း စစ်ဆေးတွေ့ရှိခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု Guerrilla Dawei အဖွဲ့က […]


