ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကုန်ဈေးနှုန်းကြီးမြင့်မှု ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်

diz_admin

September 30, 2021

ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများအရှံးပေါ်နိုင်ဟု လုပ်ငန်းရှင်အချို့က ခန့်မှန်းနေကြသည်။ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး ဘတ်ဈေး၊ ဒေါ်လာဈေးများ တက်လာခြင်းကြောင့် ဘဏ္ဍာရေးနှစ် မပိတ်မီ လုပ်ငန်းမပြီးစီးသေးသည့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ တင်ဒါလုပ်ငန်းရှင်အချို့က ပြောသည်။ စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး မြန်မာငွေ ၂၇၀၀ ကျပ်ခန့်ရှိနေပြီး ထိုင်းဘတ်ငွေမှာ တစ်ကျပ် ၇၀ ကျပ်ကျော်အထိဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ အခေါက်ရွှေမှာလည်း တစ်ကျပ်သား ၂၂၁၃၀၀၀ ကျပ်အထိဖြစ်နေပြီး စက်သုံးဆီဈေးမှာ (92 ဓာတ်ဆီ) တစ်လီတာလျှင် ၁၄၀၀ ကျပ်ကျော်ဖြစ်နေသည်။ ယင်းသို့ ဒေါ်လာဈေး၊ ဘတ်ဈေး၊ ဆီဈေးများတက်နေသဖြင့် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေ၊ သံချောင်း စသည့် ကုန်ပစ္စည်းဈေးများလည်းလိုက်တက်နေသဖြင့် ယခင်ခန့်မှန်းထားသည့်ငွေထက် ကုန်ပစ္စည်းဖိုးတွေ […]

တောင်ပျောက်တိုက်နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သည့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ ဟုဆို

diz_admin

September 29, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာတွင် ဥယျာဉ်ခြံလုပ်နေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းဒေသခံနေသူအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၇ ရက်က သဲချောင်းကြီးရဲစခန်းနှင့် အထက်တန်းကျောင်းတွင် စစ်သားအင်အား ၇၀ ဦးခန့် လာရောက်တပ်စွဲထားပြီး ဆိုင်ကယ်များကို တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုနောက် စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်တွင် ယင်းကျေးရွာ ဥယာဉ်ခြံများဘက်သို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံက ဆိုသည်။ အဆိုပါ ဥယျာဉ်ခြံရှိ ခြံစောင့်တဲများတွင် PDF များ နေထိုင်သည်အထင်ဖြင့် ယင်းကဲ့သို့ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ “ဥယျာဉ်ခြံလုပ်နေသူ ကွမ်းသီးလုပ်နေတဲ့ တဲတွေကို လိုက်ဝိုင်းပြီး သေနတ်နဲ့ပစ်တယ်၊ ပြေးရတာပေါ့၊ လက်နက်ကြီးက နှစ်ချက်ပစ်တယ်၊ သေနတ်နဲ့လိုက်ပစ်နေတော့ ရွာသားတွေပြေးရတယ်၊ […]

ထားဝယ်မြစ်အတွင်း အမြောက်ပစ်ခတ်လေ့ကျင့်မည်

diz_admin

September 27, 2021

ထားဝယ်မြစ်အတွင်း စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ အမြောက်ပစ်ခတ်လေ့ကျင့်ရန်ရှိနေ သောကြောင့် ကြိုတင်သတိထားနိုင်စေရန် စာထုတ်သတိပေးထားကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနေရာလေးခုတွင် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ဆိုသည်။ “တပ်ဘက်ကနေပြီးတော့ အဲဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးပါဆိုတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပါဆိုပြီး စာပြန်ထုတ်ထားတာပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ အဆိုပါကျွန်းလေးကျွန်းပေါ်တွင် ဓနိသကြားကြိုခြင်း၊ ထားဝယ်မြစ်အတွင်း ငါးဖမ်းခြင်း၊ သဲစုပ်ခြင်းတို့ကို ဒေသခံတို့က လုပ်ကိုင်ကြသည်။ မြစ်ကမ်းဘေးတွင်မူ စပါးစိုက်လယ်ဧကများရှိသည်။ ထားဝယ်မြို့သည် ထားဝယ်မြစ်ပေါ်ကမ်းတွင် တည်ရှိပြီး ကမြောကင်းတံတားမှာ ထားဝယ်မြို့အဝင် မောင်းမကန် သွားလမ်းပေါ်တွင် တည်ရှိသည်။ ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း အမြောက်ပစ်ခတ်လေ့ကျင့်မည်ကို မော်တော်ယာဉ်ဖြင့် လိုက်လံသတိပေး ကြေညာလျက်ရှိသည်။ […]

ကံပေါက်ရှိ ရဲတပ်ဖွဲ့ဝင်နေအိမ် ဗုံးပေါက်

diz_admin

September 26, 2021

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ၊ မြသီတာရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဝင်၏နေအိမ်တွင် စက်တင်ဘာ ၂၆ ရက် မွန်းလွဲက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်ကွဲသည့် နေအိမ်မှာ ကံပေါက်နယ်မြေရဲစခန်းတွင် တာဝန်ကျနေသည့် ရဲဒုတပ်ကြပ် ကျော်မင်းဦး ၏နေအိမ်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကံပေါက်နယ်မြေရဲစခန်းသည် မြသီတာရပ်ကွက်တွင် တည်ရှိသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် နေအိမ်ဝန်းကျင်တွင် ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ “(ပေါက်ကွဲ) အသံကတော့ ဟိန်းနေတာပဲ” ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ တပ်အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသတွင် ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်စဉ်လည်း ဖြစ်သည်။

ထားဝယ်မြို့ပေါ် အခန်းငှားနေသူများ အခက်တွေ့

diz_admin

September 25, 2021

ထားဝယ်မြို့ပေါ်တွင် အခန်းငှားနေထိုင်သူများကို ပိုင်ရှင်က အခန်းမငှားချင်တော့သည့်အခြေအနေ ဖြစ်လာသဖြင့် နေရေး၊ ထိုင်ရေး အခက်အခဲဖြစ်လာနေကြောင်း သိရသည်။ စင်တင်ဘာလ ဒုတိယအပတ်မှစပြီး ထားဝယ်မြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များ ဆက်တိုက်ဖမ်းဆီးခံလာရခြင်း၊ ဧည့်စာရင်းတိုင်ကြားနေရခြင်း စသည်တို့ကြောင့် ပိုင်ရှင်များ အခန်းဆက်မငှားချင်တော့ကြောင်း အခန်းငှားနေထိုင်သူအချို့က ပြောသည်။ “ဧည့်စာရင်းတိုင်ပြီးနေမယ်ဆိုတာတောင်မှ အိမ်ရှင်က အခန်းမငှားချင်တော့ဘူးတဲ့” ဟု လတ်တလော အဆောင်လိုက်ရှာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လုံချင်းအိမ်ငှားရမ်းနေထိုင်မည်ဆိုပါကလည်း အိမ်ရှင်က ဧည့်စာရင်းတိုင်ပေးရမည်ကိုစိုးရိမ်ခြင်း၊ လူသစ်များကို အခန်းမငှားရဲခြင်း စသည်တို့ကြောင့်လည်း အခန်းငှား အဆောင်နေသူတို့ အခက်အခဲဖြစ်နေရသည်ဟုဆိုကြသည်။ ရပ်ကွက်အချို့တွင်မူ ဧည့်စာရင်းတစ်ခါတိုင်လျှင် ငါးထောင်ကျပ်ပေးနေရသည်လည်းရှိသည်ဟုဆိုသည်။ ထိုကဲ့သို့သော အခြေအနေကြောင့် အခန်းခမှာလည်း ယခင်ကထက် ဈေးတက်သွားကြောင်း အဆောင်နေသူအအချို့ကပြောသည်။ “အရင်က တစ်ခန်းကိုသုံးယောက်စုပြီး ငါးသောင်းခွဲနဲ့ငှားနေတာ အခု ခြောက်သောင်းခွဲဖြစ်သွားပြီ။ အဲတာတောင် အိမ်ရှင်က သိပ်မနေခိုင်းချင်တော့ဘူး” ဟု […]

အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

September 23, 2021

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာလ ၂၁ ရက် ညတွင် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါဖမ်းဆီးခံရသူမှာ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သည့် အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဦးစိုးမင်းထွေးဆိုသူဖြစ်သည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ညရှစ်နာရီခန့်တွင် တပ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး မေးမြန်ရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။ “သူက ဧရာဝတီတိုင်းဘက်ကပါ။ ဒီမှာအိမ်ထောင်ကျတာပေါ့။ ဖုန်းတောင် ကောင်းကောင်း ကိုင်တက်သူ မဟုတ်ဘူး”ဟု အထက်ပါအမျိုးသား ကပြောသည်။ ဦးစိုးမင်းထွေးအား မောင်းမကန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသိရပြီး […]

ရေဖြူ အုန်းပင်ကွင်းတွင် သားအမိနှစ်ဦး အဖမ်းခံရ

diz_admin

September 23, 2021

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီး အုန်းပင်ကွင်းရွာနေ မနီလာအေး နှင့် မိခင်ဖြစ်သူတို့ စက်တင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန်တွင် အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ မနီလာအေးသည် နေအိမ်တွင်မနေဘဲ တိမ်းရှောင်နေရာမှ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာဖြစ်လို့ဖမ်းသွားတယ်ဆိုတာတော့ သေချာမသိသေးဘူ” ဟု ၎င်းကပြောသည်။ ဖမ်းဆီးခံရသည့်အကြောင်း အသေအချာမသိရသေးသော်လည်း မနီလာအေး၏ လူမူကွန်ယက်ပေါ်တွင် ရေးသားထားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ မနီလာအေးတို့အား ကံပေါက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ မိခင်ဖြစ်သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်သည်။

ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်း ကုလသမဂ္ဂ လာလှူ

diz_admin

September 21, 2021

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာလှူခဲ့ကြောင်း ထားဝယ်ဒေသ ကိုဗစ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ UNHCR မှ နှာခေါင်စည်းမျိုးစုံ ၊ လက်အိတ်မျိုးစုံ၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ ဖိနပ်၊ ပိုးသတ်ဆေး အစရှိသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို စက်တင်ဘာလ ၂၀ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း အထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လက်အိတ်ဆိုရင် အလောင်းတွေအတွက် သုံးတဲ့လက်အိတ်တွေပါတယ်၊ ဆေးခန်းတွေမှာသုံးတဲ့လက်အိတ်တွေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ပစ္စည်းများကို ထားဝယ်ဒေသရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများနှင့် ပရဟိတ အဖွဲ့အစည်းများထံ မကြာမီရက်ပိုင်းအတွင်း ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းအတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။