ထားဝယ်တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ဆက်တိုက် အဖမ်းခံရ
diz_admin
September 17, 2021ထားဝယ်တက္ကသိုလ်မှ ဆရာမတစ်ဦး၊ ကျောင်းသူ၊ ကျောင်းသားငါးဦး စုစုပေါင်း ခြောက်ဦး သီတင်းနှစ်ပတ်အတွင်း ဆက်တိုက်ဆိုသလို အဖမ်းခံလိုက်ရပြီး အချို့ပြန်လွတ်လာကြကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။ ထားဝယ်တက္ကသိုလ် သတ္တဗေဒပထမနှစ်ကျောင်းသူ မလဝန်းအိမ်သည် ပစ္စည်းသွားပို့ရင်း ကမြောကင်းလမ်းတွင် စက်တင်ဘာလ ၇ ရက်က အဖမ်းခံခဲ့ရသည်ဟုဆိုသည်။ စက်တင်ဘာလ ၈ ရက်တွင်မူ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သင်္ချာတတိယနှစ်ကျောင်းသူ မအိအိဖြူသည်လည်း ထားဝယ်မြို့တွင်းတစ်နေရာတွင် စက်တင်ဘာလ ၁၃ ရက်က အဖမ်းခံလိုက်ရသည်ဟုဆိုသည်။ စက်တင်ဘာလ ၁၄ ရက်တွင်မူ ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနမှ အချိန်ပိုင်း လုပ်အားပေးဆရာမ ဒေါ်မိုးပွင့်ဖြူမှာ နေအိမ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ စက်တင်ဘာလ ၁၆ ရက်တွင် ပြန်လွတ်လာခဲ့သည်။ စက်တင်ဘာလ ၁၅ ရက်တွင်မူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာနေ ထားဝယ်တက္ကသိုလ် […]


