ထားဝယ်မြို့ပေါ်တွင် လူငယ်နှစ်ဦးကို သေနတ်ပစ် ဖမ်းဆီး
diz_admin
September 11, 2021ထားဝယ်မြို့သစ် ၄ လမ်းတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးကို စစ်တပ်အဖွဲ့ဝင်တို့က သေနတ်နှင့်ပစ်ခတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ထားဝယ်မြို့သစ် ၄ လမ်း၊ Hi တည်းခိုခန်းအနီးတွင် ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးကို သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်နဲ့ပစ်ပြီးဖမ်းတာ တစ်ယောက်က ပေါင်ထိသွားတယ်၊ တစ်ယောက်က ဆိုင်ကယ်ထဲ ခြေဝင်သွားတယ်၊ ကျွန်တော်ထွက်ကြည့်လိုက်တာနဲ့ ပစ်ပြီးပြီ၊ ပစ်ပြီးတာနဲ့ ကျည်ခွံကိုပြန်ကောက်သွားတယ်၊ လူက တိုက်အိမ်ဆောက်နေတဲ့ အိမ်ရှေ့က သဲပုံထဲမှာလဲနေတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။ ထားဝယ်မြို့သစ် ၄ လမ်းတွင် စစ်သားများကိုတွေ့သဖြင့် ဆိုင်ကယ်မောင်းပြီး ပြန်လှည့်ပြေးစဉ် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။ […]


