ထီးခီး နယ်စပ်ဂိတ် ပြန်ဖွင့်လို့ ထိုင်းဘက်ကပြော
diz_admin
September 2, 2021မြန်မာနဲ့ထိုင်း နှစ်နိုင်ငံကြား ကုန်စည်သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ထီးခီးနယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဖက်မှ စက်တင်ဘာ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ထိုင်းဘက်ကဆိုပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး Jirakiat Phumsawat က မြန်မာပိုင်ထီးခီးနယ်စပ်ဂိတ်ရဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ ဖုနန်ရွန်(Phu Nam Ron)စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ညွှန်ကြားခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ လတ်တလောအချိန်တွင် မြန်မာနယ်စပ်ဖက်ခြမ်း၌ ကိုဗစ်-၁၉ အခြေအနေမှာ ဖြစ်ပွားမှုနှုန်း လျက်ရှိနေပြီလို့ သူက ဆိုပါတယ်။နှစ်နိုင်ငံကြား ကုန်စည်ဖလှယ်စီးဆင်းမှုအတွက် ထီးခီးနယ်စပ်ဂိတ်ကို အဓိကအသုံးပြုကြပါတယ်။ ဒါကြောင့် ဒီနယ်စပ်ဂိတ်ကို ထိုင်းဖက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဘုရားသုံးဆူဖက်မှာတော့ ရောဂါကူးစက်မှုနှုန်း မြင့်တက်နေဆဲဖြစ်တာကြောင့် အဲဒီဂိတ်ကို စက်တင်ဘာ ၁၄ ရက်နေ့အထိ ထိုင်းဖက်က ဆက်လက်ပိတ်ထားဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါ အမြင့်ဆုံးထောင်ဒဏ် […]


