Stay at Home နှင့် အလွဲများ
diz_admin
August 23, 2021ထားဝယ်နှင့် မြိတ်မြို့နယ်အား ဩဂုတ်လ ၂၃ ရက်မှစပြီး Stay at Home နေအိမ်တွင်သာ နေထိုင်ရန်မြို့နယ်များဖြစ် သတ်မှတ်ကြေညာခဲ့သည်။ သို့သော် မြေပြင်တွင်မူ ဩဂုတ်လ ၂၁ ရက်မှစပြီး အပြင်ထွက်သူများအား ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကော့သောင်းမြို့တွင်လည်း ဩဂုတ်လ ၂၁ ရက်မှစပြီး ကြပ်မတ်စစ်ဆေးခဲ့သည်။ သို့သော် ကော့သောင်းမြို့နယ်မှာ Stay at Home သတ်မှတ်သည့် မြို့နယ်စာရင်းတွင်မပါပေ။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့်အတွက်ကြောင့် Stay at Home သတ်မှတ်သည်ဟုဆိုသော်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးသည့်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ရာနှင့်ချီသည့် လူစု၊ လူဝေး ဖြစ်ပေါ်ခဲ့သည်။ အပြင်ထွက်ခွင့် ကတ်ပြားအား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာထုတ်ပေးသည်ဟုဆိုသည်။ ယင်းသို့ ထုတ်ပေးရာတွင်လည်း အိမ်ထောင်စု စာရင်းပြနိုင်သူများကိုသာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အိမ်ထောင်စု စာရင်းမပြနိုင်သူများမှာ […]


