ထားဝယ်မြို့နယ်တွင် စနေနေ့မှစ၍ အပြင်ထွက်ခွင့်လက်မှတ် ပြရမည်
diz_admin
August 19, 2021ထားဝယ်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက် စနေနေ့ မှစတင်ကာ အပြင်ထွက်ခွင့် လက်မှတ်ပြရမည်ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် မြို့အတွင်း လိုက်လံကြေညာလျှက်ရှိသည်။ အပြင်ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးကိုသာ ထုတ်ပေးမည်ဖြစ်ပြီး ယင်းလက်မှတ်အား သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့ထံတွင် ထုတ်ယူရမည်ဖြစ်သည်။ ကိုဗစ်ကူးစက်မှုများသည့် ဒေသများကို Stay at Home သတ်မှတ်လေ့ရှိပြီး အပြင်ထွက်ခွင့် လက်မှတ်ထုတ်ပေးလေ့ရှိသည်။ ထားဝယ်မြို့ပေါ်ရပ်ကွက်များအတွက် အပြင်ထွက်ခွင့်လက်မှတ်များကို ယနေ့မှစပြီး ထုတ်ပေးနေပြီး ကျန်ကျေးရွာများအတွက်လည်း ထုတ်ပေးနိုင်ရန်အတွက် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ပြောသည်။ ထားဝယ်မြို့နယ်ရှိ ကျန်ကျေးရွာများအတွက် အိမ်ထောင်စုတစ်စုလျှင် လက်မှတ်တစ်စောင် ထုတ်ပေးနိုင်ရန်အတွက် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ စိစစ်နေကြောင်း ဦးထွန်းထွန်းလင်းက ပြောသည်။ “(ဒီထုတ်ပြန်ချက်က) ထားဝယ်တစ်မြို့နယ်လုံးမှာ သက်ရောက်ပါတယ်။ အချိန်တိုတိုတွင်းမှာ […]


