ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ကိုင်းခြံများကို စစ်ကောင်စီတပ်က တောနင်းရှာ
Dawei Watch
May 14, 2024ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ပတ်ဝန်းကျင်ရှိ ပြောင်းဖူး၊ ခရမ်းသီး စသည့် ကိုင်းသီးနှံများ စိုက်ပျိုးသည့်ခြံများကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တောနင်းရှာဖွေ နေကြောင်း ကိုင်းစိုက်တောင်သူများထံမှ သိရသည်။ ကလိန်အောင်ချောင်းဘေးတစ်လျှောက်တွင် ကိုင်းသီးနှံ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယင်းလုပ်ငန်းမှာ ဒေသခံအများစု၏ အဓိက စီးပွားရေးလည်း ဖြစ်သည်။ “ခြံသွားတဲ့ လူကြီးတစ်ယောက်ကို လမ်းပြဖမ်းခေါ်သွားပြီး ကိုင်းခြံတွေမှာ စစ်တပ်က လိုက်ရှာနေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။ မေလ ၁၃ ရက်က မိကျောင်းလှောင်ရွာသစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု ဆိုကာ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့တွင်တောနင်းရှာဖွေနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “PDF တွေ ရွာသစ်ရောက်နေတယ်ဆိုပြီး လက်နက်ကြီးလှမ်းထုတာ။ မနေ့က (မေ ၁၃) နေ့လယ်ပိုင်း အိမ်တံခါးတွေ ပိတ်ပြီးနေရတယ်” […]


