ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် မေတ္တာရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့

Dawei Watch

February 23, 2024

ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့ရဲစခန်းနှင့် ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းရှိ မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC) နေရာကို ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်များက မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “(စကစ) တပ်တွေက ကျောက်မဲတောင်ကို ဆင်းသွားတယ်။ စစ်တပ်ကို ရေသယ်ပေးနေတဲ့ MPC ကုမ္ပဏီက ရေသယ်ကား တစ်စီးကို တော်လှန်ရေးတပ်တွေက ယူသွားတယ်” ဟု ၎င်းက ပြောသည်။ ထားဝယ်-မေတ္တာလမ်းရှိ ကျောက်မဲတောင်ရွာတွင် စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲထားသည့် နယ်မြေရဲစခန်းရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် အထိနာခဲ့သည့်တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ကျော်သာ ကွာဝေးသည်။ မေတ္တာမြို့ထိပ်ရှိ ရဲစခန်းကိုမူ […]

ကံပေါက်တွင် CDM ဆရာမများ ဆက်တိုက်ဖမ်းဆီးခံရ

Dawei Watch

February 22, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထား၍ တာဝန်မှ ရပ်နားခံထားရသည့် ဆရာမ ၃ ဦး ဖေဖော်ဝါရီလ ၂၀ ရက်က အဖမ်းခံရကြောင်း ဒေသခံတို့က ပြောသည်။ အဖမ်းခံရသည့်ဆရာမများသည် အထက-ကံပေါက်မှ အလယ်တန်းပြဆရာမ ဒေါ်ယဥ်ယဥ်အေး ၊ မူလွန်-လှည်းကုန်း မှ အလယ်တန်းပြဆရာမ ဒေါ်နီလာစန်း နှင့် ဒေါ်သက်သက်မွန် တို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆရာမ ဒေါ်ယဥ်အေးက အပြင်တောင်သိပ်မထွက်ဘူး။ မနီလာစန်းလည်း အတူတူပဲ။ အမေကျန်းမာရေးကြောင့် ရွာပြန်ရောက်နေတာ အပြင်သိပ်မထွက်ဘူး။ သူတို့(စစ်တပ်) ဘယ်လိုသိလဲ မသိဘူး ။ သုံးယောက်စလုံး အိမ်တွေမှာပဲ လာဖမ်းသွားတယ်” ဟု ကံပေါက်ရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် […]

ထားဝယ်အရှေ့တောတိုက်ပွဲတွင် စစ်ကောင်စီတပ်ကား ၁၂စီးပျက်စီး၊ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

Dawei Watch

February 22, 2024

ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းပို့ဆောင်ရေးကား ၁၂စီးကို တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) နှင့် တပ်ရင်း (၂၇) မှ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀နှင့် စစ်လက်နက်၊ ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ကား ၁၇ စီးပါသည့် ယာဉ်တန်းကို KNLAနှင့် PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာ တို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA နှင့် PDF ပူးပေါင်းတပ်များ၊ ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်တွင် သင်္ကန်တုန်းရွာသို့ စစ်ကြောင်းဝင်လာချိန် တိုက်ပွဲများစတင်ဖြစ်ပွားခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၉ ရက်က […]

ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်သူများကို စမတ်ကတ်လုပ်ရန် စစ်ကောင်စီဖိအားပေး

Dawei Watch

February 22, 2024

ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဇီဝဆိုင်ရာ စမတ်ကတ်ပြုလုပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားသူများ များပြားလာခဲ့သည်။ ယင်းအပေါ်အခွင့်ကောင်းယူကာ စမတ်ကတ်ပြုလုပ်ခိုင်းနေပြီး စမတ်ကတ်ရှိမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု စစ်ကောင်စီက ဖိအားပေးပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ပြောသည်။ “စမတ်ကတ်ရှိမှ ပတ်စ်ပို့ထုတ်ပေးမယ်ပြောလို့ စမတ်ကတ်လျှောက်လိုက်ရတာ” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။ စမတ်ကတ်ဟု ဒေသခံများ အလွယ်ခေါ်နေသော ကတ်ကို အီလက်ထရောနစ်မှတ်ပုံတင်ကတ် တစ်နည်းအားဖြင့် ဇီဝဆိုင်ရာကတ် (Biometric Card) ဟုလည်းခေါ်ဆိုသည်။ ယင်းအတွက်ကြောင့် ထားဝယ်ပတ်စ်ပို့ရုံးနှင့် လဝကရုံးတွင် လူများတန်းစီပြီး လျှောက်ထားနေကြကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတို့ကဆိုသည်။ “အခုဆိုရင် ပတ်စ်ပို့ရုံးမှာလည်း လူတွေအများကြီးပဲ လျှောက်နေကြတာ။ စမတ်ကတ်ရုံးမှာလည်း အများကြီးပဲ တန်းစီ နေရတယ်။ မနက်ကတည်းကတန်းစီတာ နေ့လယ်လောက်မှရတယ်” […]

ထားဝယ်အရှေ့တောကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ် ဗုံးကြဲ

Dawei Watch

February 21, 2024

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ပထမဆုံးအကြိမ်အဖြစ် ယ​နေ့(ဖေဖော်ဝါရီ ၂၁) မွန်းလွဲပိုင်းက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။ အရှေ့တောဒေသရှိ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားကို စစ်ကောင်စီလေတပ်က MI-2 ရဟတ်ယာဉ်ဖြင့် ဗုံးလေးလုံးကြဲချသွားကြောင်း သိရသည်။ အဆိုပါဒေသတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှစကာ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ လက်ရှိဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုအသေးစိတ်ကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နေ အမျိုးသားတစ်ဦးကလည်း ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့အပေါ်မှ စစ်ရဟတ်ယာဉ် MI-2 တစ်စီး ခပ်မြင့်မြင့် ပျံသန်းနေသည်ဟုဆိုသည်။ “အခုလေးတင် ထားဝယ်လေယာဉ်ကွင်းကို ဆင်းလာတယ်” ဟု ဗုံးကြဲပြီး မိနစ်ပိုင်းအကြာတွင် Dawei Watch ကို ပြောသည်။ ယနေ့ နံနက်ပိုင်းတည်းက ဝကုန်းရွာဘက်မှ ပစ်ခတ်သံများကြားနေရပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်သည်ဟု […]

လက်နက်ကြီးပစ်ခတ်နေသဖြင့် သရက်ချောင်း၊ မင်းဒပ်ရွာမှဒေသခံများ ထွက်ပြေးနေရ

Dawei Watch

February 21, 2024

သရက်ချောင်းမြို့နယ်၊ ဝင်းဝနယ်မြေရဲစခန်းက စစ်ကောင်စီတပ်က မင်းဒပ်ရွာအနီးဝန်းကျင်ကို မနေ့က ညနေပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသခံများထွက်ပြေးနေရသည်ဟု သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီခန့်ကစပြီး ယနေ့နေ့လယ်ပိုင်းအထိ ကျေးရွာအနီးဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေခြင်းဖြစ်ပြီး လက်နက်ကြီး အလုံး ၄၀ ခန့်ရှိပြီဟု ဒေသခံအချို့က ပြောသည်။ “မင်းဒပ်ကသူတွေ မနေ့တည်းက တို့ရွာကို ပြေးလာကြတယ်။ တို့အိမ်ကိုလည်း ရောက်နေကြတယ်။ ရွာထဲတော့ မကျဘူး။ ရွာအပြင်ဘက်နေရာတွေကိုကျတယ်။ တို့ရွာနဲ့လည်း ဝင်းဝက တမိုင်ကျော်ကျော်ပဲ ဝေးတာဆိုတော့ တို့တွေလည်း စိုးရိမ်နေရတယ်။ ရွာမှာပြန်လာဝင်နေတာ အခုမှ သုံးရက်ပဲရှိသေးတယ်” ဟု ဝဲရစ်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လူနှင့် နေအိမ်ထိခိုက်မှု မကြားရသော်လည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမည်စိုးသဖြင့် မနေ့ညနေကတည်းက အခြားရွာဘက်ကို […]

ဖမ်းဆီးစစ်ဆေးမှုတင်းကြပ်နေသည့် ကံပေါက်တွင် ပေါ်တာဆွဲမည်ကို မစိုးရိမ်ရန် စစ်ကောင်စီ လက်ကမ်းစာစောင်ဝေ

Dawei Watch

February 20, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ စည်ပင်သာယာဈေးတွင် စစ်မှုထမ်းမှုဥပဒေအတွက် မစိုးရိမ်ကြရန် လက်ကမ်း စာစောင်များကို ဖေဖော်ဝါရီလ ၁၉ ရက် နှင့် ၂၀ ရက် နှစ်ရက်ဆက်တိုက် လာရောက်ဖြန့်ဝေနေကြောင်း ဒေသခံများက ပြောသည်။ “လက်ကမ်းစာစောင်က ဘယ်သူလာဝေနေလဲတောင် မသိဘူး။ ဈေးထဲမှာတော့ တော်တော်ပျံ့နေတယ်။ စာရွက် နှစ်ချပ်တွဲလေးပဲ” ဟု ကံပေါက်ဈေးက ဈေးသည်တစ်ဦးက ပြောသည်။ အဆိုပါ လက်ကမ်းစာရွက်တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မစိုးရိမ်ရန်၊ တစ်မျိုးသားလုံး စစ်ပညာသင်ရန်၊ စစ်မှုထမ်းရန် တာဝန်ရှိကြောင်းအပြင် ပြည်ပထွက်ခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း၊ ပေါ်တာဆွဲနေခြင်းလည်း မရှိကြောင်း ဖော်ပြထားသည်။ လက်ကမ်းစာစောင်များကို ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာများအားလုံး အရောင်းအဝယ်အဓိက ပြုလုပ်သည့် ကံပေါက် ဈေးတစ်ခုတည်းတွင် ဖြန့်ဝေနေခြင်းဖြစ်သည်။ တိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယခုကဲ့သို့ လက်ကမ်းစာစောင်ဝေငှ […]

လောင်းလုံးတွင် မြေကြီးတူးရာမှ သစ်ငုတ်ပိ၍ လူတစ်ဦးသေဆုံး

Dawei Watch

February 20, 2024

လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မြေကြီးတူးရာမှ သစ်ငုတ်ပိပြီး အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက်၈နာရီခန့်တွင် ဂေါ့အင်းရွာ ကျွဲဒိုင်မော်အပိုင်းတွင် ဦးဝင်းအပါအဝင် မိသားစုသုံးဦး မြေကြီးတူးရာမှ မြေကုန်း ပေါ်ရှိ သစ်ငုတ်မှာအရှိန်ဖြင့် ပြိုဆင်းလားပြီး ဦးဝင်း၏ ခန္ဓာကိုယ်ပေါ်ပိသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သစ်ခေါင်း(ငုတ်) က ဗိုက်ပေါ်တည့်တည့် လာပိတာ” ဟု ၎င်းက ပြောဆိုသည်။ ဦးဝင်းသည် သစ်ငုတ်ပိသည့် ဒဏ်ရာဖြင့် နာရီပိုင်းအတွင်း သေဆုံးသွားပြီး အလောင်းကို အရေးပေါ်ကားဖြင့်နေအိမ် သယ်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေဆုံးသူ အပါအဝင်မိသားစုသည် ဂေါ့အင်းရွာအောက်ပိုင်းတွင် နေထိုင်ကြပြီး ထော်လာဂျီဖြင့် မြေကြီးများကို လိုက်လံ ဝယ်ယူပြီး ကိုယ်တိုင်တူးကာ […]