ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ကားလေးစီး ထပ်မံအသိမ်းခံရ
Dawei Watch
May 21, 2024ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ Double cab အမျိုးအစား ကားလေးစီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရေး-ထားဝယ်ကားလမ်း အနီးသိမ်းဆည်းသွားခဲ့ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။ “အသိမ်းခံရတာက စီမံကိန်းအရာရှိတွေစီးတဲ့ကားတွေ ၊ အလုပ်ဝင်ဖို့ နတ်အိမ်တောင်သွားတဲ့လမ်း မရောက်ခင် မိကျောင်းလှောင်ရွာနားမှာ သိမ်းသွားတယ်။ လူတွေကတော့ လမ်းပိုင်းမှာပဲထားခဲ့တယ်။ ကားပဲသိမ်းသွားတယ်” ဟု စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းကားများမှာ ကမ်းလွန်ရေနံစင်များမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်လာရာလမ်းကြောင်းရှိ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာ ၊ ကျောက်မတ္တပ်ဘုရားတောင်အနီးတွင် မေလ ၁၉ ရက်နေ့က အသိမ်းခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ ဇောတိကစီမံကိန်း အရပ်ဘက်ဆက်ဆံရေးအရာရှိထံသို့ Dawei Watch က ယနေ့(မေ ၂၁)တွင် တယ်လီဖုန်းဖြင့်သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ သိမ်းဆည်းသွားသည့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း မေလ ၂၁ ရက်ညနေ […]


