လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသည့်ဒေသခံ ဆိုင်ကယ်မတော်ဆမှုကြောင့်သေဆုံး
Dawei Watch
March 2, 2024စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် ရောင်းမော်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် တိုက်ခတ်ချိန် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ရောင်းမော်ရွာအနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရောင်းမော်ရွာထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအများအပြားကြဲချနေသဖြင့် အနီးနားကျေးရွာမှ ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြေင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ထွက်ပြေးသူများထဲမှ ဆေးဖြတ်ကုန်းရွာသူ အသက် ၂၈ နှစ်အရွယ် မအေးသက်မော်ဆိုသူမှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က တွေ့ရှိထားသည့် ဓာတ်ပုံတစ်ခုထဲတွင်လည်း […]


