ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကံပေါက်ဒေသခံ ဇနီးမောင်နှံ နှစ်ဦး အဖမ်းခံရ

Dawei Watch

February 29, 2024

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ လှည်းကုန်းရပ်ကွက်မှ ဦးကိုနိုင်နှင့်ဒေါ်မေဒေးတို့ ဇနီးမောင်နှံ နှစ်ဦးကို မောရဝတီရေတပ်က ဖေဖော်ဝါရီလ ၂၈ ရက်ညက လာရောက်ဖမ်းဆီးသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ “ ညက လာခေါ်သွားတယ်။ တိုးတိုးတိတ်တိတ်ပဲ။ အိမ်နီးချင်းတွေတောင် မနက်မှသိရတယ်” ဟု အဖမ်းခံရသည့် ဇနီးမောင်နှံ ၏ အိမ်နီးချင်းတစ်ဦးကပြောသည်။ ဦးကိုနိုင်သည် ထိုင်းရေနံကုမ္ပဏီဖြစ်သည့် PTTEP International Limited (PTTEPI) ၏ ယာဥ်မောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒေါ်မေဒေးမှာ စျေးသည်တစ်ဦးဖြစ်သည်ဟု ၎င်းကဆက်ပြောပြသည်။ အဆိုပါအဖမ်းခံရသူနှစ်ဦးမှာ ဖေဖော်ဝါရီလ ၂၉ ရက်အထိပြန်လွတ်လာခြင်းမရှိသေးဘဲ၊ ၎င်းတို့အဖမ်းခံရသည့် အကြောင်းအရင်းအသေးစိတ်ကိုမူ မသိရသေးပေ။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းက အဖမ်းခံထားရသည့် မထိုက်ထိုက်ဇင်မင်း ၊ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ သုံးဦးမှာ ဖေဖော်ဝါရီလ […]

နည်းပညာတက္ကသိုလ်က ဆရာသုံးဦးကို ဗထူးတပ် ဖမ်းခေါ်ပြီးနောက် ‌‌ကျောင်းပြောင်းဖွင့်

Dawei Watch

February 29, 2024

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမသုံးဦးကို ဗထူးတပ်မတော်က ဖမ်းဆီးသွား သည်။ ထို့နောက် ထားဝယ်မြို့အပြင်တွင်ရှိသည့် နည်းပညာတက္ကသိုလ်တွင် ကျောင်းသားများ ကျောင်းတက်ရောက်ခွင့်မပြုတော့ဘဲ ကျောင်းပြောင်းပေးထားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်တွင် ထားဝယ်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ၊ ကျောင်းသားများ လာရောက်‌ ကျောင်းတက်သည်ကို မတွေ့ရကြောင်း အနီးနားရှိ ဒေသခံတို့ကဆိုသည်။ “ကျွန်တော်ကြားတာကတော့ ဒီကျောင်းကို လုံခြုံရေးအခြေအနေအရ ပြန်ဖွင့်လို့ မရနိုင်တော့ဘူးလို့ ပြောသံကြားတယ်” ဟု ၎င်းက ဆိုသည်။ ဖေဖော်ဝါရီလ ၂၈ ရက်က ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲသို့ အရပ်ဝတ်လက်နက်ကိုင်အင်အား ၄၀ ခန့် ရောက်ရှိလာပြီး ကျောင်းအုပ်ကြီး ဒုပါမောက္ခချုပ် ဒေါက်တာဦးကျော်အောင်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ပါမောက္ခ ဒေါ်န္ဒာလွင်၊ အင်္ဂလိပ်စာဌာနမှူး ‌ပါမောက္ခ‌ဒေါ်စုစုလတ်တို့ ကို ဖမ်းခေါ်သွားခြင်းဖြစ်သည်။ “PDF တွေ […]

တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

Dawei Watch

February 28, 2024

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်းရွာတို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း KNLA ထံက သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNLA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်ကမူ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း စောမှူးဂေက ပြောဆိုသည်။ “၂၆ ရက်နေ့ကတော့ နည်းနည်းတော့ ပြင်းထန်တာပေါ့။ […]

ထားဝယ်တွင် မိုင်းနင်းမိပြီး သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

Dawei Watch

February 28, 2024

ထားဝယ်တွင် မိုင်းနင်းမိပြီး သေဆုံးနေသည့်အမျိုးသားအလောင်းတွေ့ကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးနေသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ ဦးကျော်ကျော်ဌေးဖြစ်ပြီး ထားဝယ်မြို့နယ် ဇဟာရွာသား ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဇဟာရွာအရှေ့ဘက်ရှိ ၎င်း၏ ဥယျာဉ်ခြံအနီးတွင် ခြေထောက်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ခြံထဲသွားတာ နှစ်ရက်သုံးရက်ကြာတဲ့အထိ ပြန်မလာလို့သွားကြည့်တော့ သေနေတာတွေရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ယူသွားပြီးနောက် နေအိမ်သို့ ပြန်သယ်ကာ သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ကလည်း ဇဟာရွာအနီးတွင် အသက် ၄၀ ကျော်အရွယ်ရှိ ဇဟာရွာသား ကိုနီလေးထွန်း ဆိုသူလည်း ၎င်း၏ […]

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကင်းရှေ့နှင့် ကြာအင်းရွာက နေအိမ်အချို့ပျက်စီး

Dawei Watch

February 28, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် ကြာအင်းရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၂၇ ရက် ညသန်းခေါင်အချိန်တွင် ကင်းရှေ့ရွာနှင့် ကြာအင်းရွာဘက်ကို ရောင်းမော်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကြာအင်းရွာတွင် နေအိမ်သုံးလုံးနှင့် ကင်းရှေ့ရွာတွင် နေအိမ်သုံးလုံး လက်နက်ကြီးကျည်စထိမှန် ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ “လက်နက်ကြီးပစ်တာ လေးငါးလုံးလောက်ရှိတယ်။ ရွာသားတွေလည်း မနေရဲလို့ တခြားကို ထွက်ပြေးနေကြတယ်” ဟု ကြာအင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ ဆိုသည်။ “ညဘက်ဆို ဘုန်းကြီးကျောင်းမှာ စုအိပ်ကြတာဆိုတော့ လူထိခိုက်မှု မရှိဘူးလို့ပြောတယ်” […]

ထားဝယ်နည်းပညာတက္ကသိုလ်က ကျောင်းအုပ်အပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ဖမ်းခေါ်

Dawei Watch

February 28, 2024

ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ကျောင်းအုပ်ကြီးအပါအဝင် သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောင်းဝင်းအတွင်းရှိနေသူတစ်ဦးက ပြောသည်။ အဖမ်းခံရသူ သုံးဦးမှာ ကျောင်းအုပ်ကြီး ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာနမှူး ဒေါ်စုစုလတ်၊ မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်နန္ဒာလွင်တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကျောင်းသူ၊ ကျောင်းသာများမှာ ကျောင်းအတွင်း ၃ နာရီခန့်ပိတ်မိခဲ့ပြီး‌ ညနေ ၃ နာရီကျော်တွင် ပြန်လွှတ်ပေးနေပြီဖြစ်သည်ဟု ဆိုသည်။ “စစ်တပ်က ကျောင်းထဲရောက်နေပြီ။ သူတို့လုံခြုံရေးယူပြီးတော့ ကျောင်းကားနဲ့ ကျောင်းသားတွေကို ပို့ပေးမယ်လို့ ပြောနေတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်မှာ ထားဝယ်မြို့အပြင်ဘက် ၈ မိုင်ခန့်အကွာတွင်တည်ရှိသည်။ လာရောက်ဖမ်းဆီးသွားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်နှင့် ဖမ်းဆီးရသည့် အကြောင်းအရင်းကိုမူ […]

ထားဝယ်ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုမည်

Dawei Watch

February 28, 2024

ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရန်ကုန်မြို့က အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ နား၊ နှာခေါင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော၊ ကင်ဆာ၊ အရိုးအကြော၊ အဆစ်နှင့် ပတ်သက်သည့်ရောဂါများ၊ ဆီးနှင့် ကျောက်ကပ်၊ နှလုံး၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါများကို ပြသနိုင်မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရောဂါပြသရန်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ရုံးချိန်အတွင်း ထားဝယ်ပြည်သူ့ ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင်လာရောက် စာရင်းပေးသွင်း နိုင်ကြောင်း စုံစမ်းသိရသည်။ စာရင်းပေးသွင်းပြီးလျှင် အခမဲ့ ပြသနိုင်မည့်အပြင် လိုအပ်မည့် ဆေးဝါးများလည်း အခမဲ့ ရရှိမည် ဖြစ် ကြောင်း ပြည်သူများ၏ […]

အရှေ့တောဒေသက စရဖတပ်ဖွဲ့ဝင်နှစ်ဦး KNLA ထံ လက်နက်ချ၊ ဝန်ထမ်း ၃ ဦးလည်း လာရောက်ခိုလှုံ

Dawei Watch

February 28, 2024

မေတ္တာနယ်မြေရဲစခန်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)နှစ်ဦး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ထံ လက်နက်ချခဲ့ပြီး စစ်ကောင်စီဝန်ထမ်းသုံးဦးလည်း လာရောက်ခိုလှုံခဲ့ကြောင်း KNLA ထံမှသိရသည်။ စရဖတပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ ကိုအောင်အောင်နှင့် တပ်သားအဆင့်ရှိ ကိုဝဏ္ဏဇော်တို့ နှစ်ဦးအပါအဝင် မေတ္တာမြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းသုံးဦးတို့ ဖေဖော်ဝါရီလ ၂၅ ရက်ခန့်က KNLA ထံလာရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်ချအညံ့ခံခဲ့သူများကို နောက်တန်းပို့ထားပြီး ရာထူးနှင့်အမည်စာရင်း အသေးစိတ်ကို မသိကြောင်း KNU တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် တပ်မဟာ(၄) KNLA တပ်ရင်း(၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သူတို့အဲ့ဒီမှာ နေဖို့ထိုင်ဖို့ သိပ်အဆင်မပြေလို့ကျွန်တော်တို့ဆီလာပြီးတော့ လက်နက်ချတာ။ သူတို့ကစစ်မတိုက်ချင်လို့ ပြီးတော့ ဒီလိုမျိုးအခက်အခဲတွေကို မလုပ်ချင်လို့ပေါ့နော်၊ စစ်ကောင်စီထဲမှာမနေချင်လို့ အဲ့လိုမျိုးလက်နက်ချတာပေါ့နော်” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ အင်အား […]