ကံပေါက်ဒေသတွင် မိန်းမနှင့်ရန်ဖြစ်ပြီး ယောက်ျားအင်္ဂါကို ကိုယ်တိုင်လှီးဖြတ်
Dawei Watch
March 4, 2024ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာတွင် ဖေဖော်ဝါရီလ ၂၈ နေ့က လင်မယားစုံတွဲရန်ဖြစ်ပြီး ယောက်ျားဖြစ်သူက ၎င်း၏လိင်အင်္ဂါကို ကိုယ်တိုင်လှီးဖြတ်လိုက်ကြောင်း ဒေသခံများကပြောသည်။ အရက်ကြောင်နေသည့် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ မနီလာဝင်းကို ဓားနှင့်ထိုးပြီးနောက် ၎င်း၏လိင်အင်္ဂါကိုလည်း ဓားဖြင့်လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း ကာယကံရှင်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ “ အရက်မူးပြီး သူ့မိန်းမကို ဓားနဲ့ထိုးလိုက်တာ၊ ကျောမှာ ၃ ချက်၊လက်မှာ ၂ ချက်ထိတယ်။ မိန်းကလေးရဲ့မိဘတွေကပဲဆေးရုံ ပို့လိုက်ရတယ်။ သူ့ယောက်ျားက အရက်အမူးပြေမှ သူ့ကိုယ်သူ ပြန်လုပ်တာ” ဟု၎င်းကဆက်ပြောပြသည်။ မနီလာဝင်း နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့နှစ်ဦးကို ရေတပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပြီးနောက် ထားဝယ်ဆေးရုံသို့ ထပ်မံပို့ဆောင်ကာ ဆေးကုသလျက်ရှိကြောင်းသိရသည်။ ထားဝယ်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း ယင်းသို့ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်နေသည်။ မတ်လ ၂ ရက်နေ့တွင် ထားဝယ်မြို့ပုံကျွန်းရပ်ကွက်တွင် […]


