ထားဝယ်မြို့တောင်ဘက်ရှိ တံတားတစ်စီးကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်
Dawei Watch
March 8, 2024ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်ခဲ့ဖူးသည့် နေရာအနီးရှိ ထားဝယ်မြို့အတွင်းက တံတားတစ်ခုကို စစ်ကောင်စီတပ်က ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြို့တောင်ပိုင်းရှိ ဘုမ္မော်ရပ်ကွက်နှင့် ကြက်စားပြင်ရွာဘက်ကို ဆက်သွယ်ထားသည့် အဆိုပါတံတားမှာ စမ္မစကြာဘုန်းကြီးကျောင်း အရှေ့တွင်ရှိပြီး မတ်လ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများက တံတားကို အတားအဆီးများချကာ လမ်းပိတ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါမြို့ခံက ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်ညက ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို အဆိုပါတံတားအနီး စောမိညိုလမ်းတွင် ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း၏ တပ်ခွဲ(၁)ဖြစ်သည့် အထူးပြောက်ကျားတပ်ဖွဲ့ (Special Guerrilla Force ) က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးခဲ့သည်။ အဆိုပါတံတားမှာ တိုင်းစစ်ကောင်စီရုံး(တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံး)နှင့် မီတာ ၈၀၀ […]


