စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်
Dawei Watch
March 18, 2024အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မတ်လ ၁၆ ရက်နေ့က ၎င်းတို့သတ်မှတ်သည့်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနီးပါးသာရှိပြီး ပြင်ပဈေးကွက်တွင် ၄၂ သိန်းနီးပါး ပေါက်ဈေးရှိနေသည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့သတ်မှတ်သည့် နှုန်းထားအောက် မရောင်းနိုင်သည့် ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ရပ်နားထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည့်။ ယင်းကြောင့် မတ်လ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အများစုက စိုးရိမ်လာကြပြီး ဈေးမဖွင့်တော့သည့်အပြင် အရောင်းအဝယ်ပါ […]


