ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဇာဒီရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက်သတိပေး

Dawei Watch

March 26, 2024

ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာရှိ လောင်းကစားဝိုင်းကို ယနေ့(မတ်၂၆) ညနေ ၃ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက သေနတ်ပစ်ဖောက် သတိပေးခဲ့ကြောင်း ရွာသားများကပြောသည်။ ဇာဒီရွာ၊ သီရီမင်္ဂလာဘုန်းကြီးကျောင်း တောင်ဘက်ရှိ ဆင်သတ်ခြံစုနှင့် ဆယ်အိမ်စုလမ်းတို့တွင် ရက်ရှည် ပြုလုပ်နေသည့် လောင်းကစားဝိုင်းများကို သတိပေးလိုက်ခြင်းဖြစ်သည်။ “သေနတ်သံကတော့ လေး၊ငါးချက်ကြားရတယ်။ (လောင်း)ကစားသမားတွေကတော့ပြေးကြတာပဲ ပစ္စည်းကျန်ခဲ့တဲ့သူတွေလည်းရှိတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ လောင်းကစားဝိုင်း သေနတ်ပစ်ဖောက်သတိပေးခံရပြီးနောက် ဆိုင်ကယ်အချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက သိမ်းဆည်းသွားကြောင်း၊ ညနေ ၅ နာရီခန့်တွင် ဆိုင်ကယ်ပိုင်ရှင်များကို နှုတ်ဖြင့်ခေါ်ယူသတိပေးပြီးနောက် ဆိုင်ကယ်များကို ပြန်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး၍ ရပ်နားထားသည့် လောင်းကစားဝိုင်းများမှာ ရန်ပုံငွေရှာသည်ဟုဆိုကာ ကံပေါက်တိုက်နယ် အတွင်းရှိကျေးရွာအချို့တွင် ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

ဘန်ကောက်တွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့်အမှုဖွင့်

Dawei Watch

March 26, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်သည့် မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၈ သိန်းကျော် မရသဖြင့် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးသို့ တိုင်ကြား ကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ ဘန်ကပီနယ်မြေရှိ ANDAMAN CONSTRUCTION တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၃ ဦးသည် လုပ်အားခ တစ်လစာနှင့်အချိန်ပိုကြေးများအတွက် လုပ်အားခ စုစုပေါင်း ဘတ် ၈ သိန်းကို ရရှိခြင်းမရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ လုပ်အားခတောင်းခံသည့်အချိန်တွင်လည်း အလုပ်ရှင်ဘက်က နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေခဲ့သဖြင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အလုပ်လည်း ပေးမဆင်းတော့ဘူး။ လုပ်အားခလည်း မရှင်းပေးဘူး။ နောက်ပြီးတော့ ဘတ် (နေထိုင်လုပ်ကိုင်ခွင့်လက်မှတ်) […]

ထားဝယ်ထောင်တွင် အကျဉ်းသားတစ်ဦး ထောင်ပြင်ပတွင် ခေါ်ယူစစ်ဆေးခံရစဉ် ပစ်သတ်ခံရ

Dawei Watch

March 26, 2024

ထားဝယ်ထောင်တွင် အကျဉ်းချခံထားရသည့် အကျဉ်းသားတစ်ဦးကို ထောင်ပြင်ပခေါ် ထုတ်စစ်ဆေးစဉ် ထွက် ပြေးသည်ဟုဆိုကာ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း အဆိုပါအကျဉ်းသားနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။ မတ်လ ၁၇ ရက်နေ့တွင် ထားဝယ်ထောင်၌ အကျဉ်းကျခံနေရသည့် ကိုဝင်းသီဟကို အကြမ်းဖက်မှု သက်သေခံ ပစ္စည်းများ ပြသခိုင်းရန်ဟုဆိုကာ စစ်ကောင်စီတာဝန်ရှိသူက ထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့စစ်ဆေးစဉ် ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ထောင်တာဝန်ရှိသူများက မိသားစုကို မတ်လ ၂၃ရက် အကြောင်းကြားခဲ့ကြောင်း အကျဉ်းသားနှင့် နီးစပ်သူက ဆိုသည်။ “မိသားစုက အလောင်းတောင် မမြင်ရဘူးလို့သိရတယ်။ သိတဲ့အချိန်မှာ သင်္ဂြိုဟ် ပြီးနေပြီလို့သိရတယ်” ဟု ၎င်းနီးစပ်သူကပြောသည်။ ကိုဝင်းသီဟကို ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ က ထောင်ဝင်စာ […]

စစ်မှုထမ်းရန် အရွေးခံရသူ၏ မိသားစုကို ထောက်ပံ့ရန်ဆိုကာ ကျန်အိမ်ထောင်စုများထံမှ ငွေတောင်း

Dawei Watch

March 26, 2024

တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် ရွေးချယ်ခံရသူ၏ မိသားစုကို ငွေကြေးထောက်ပံ့နိုင်ရန်အတွက် အခြားအိမ်ထောင်စုများက ငွေကြေးထည့်ဝင်ရမည်ဆိုကာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အဓမ္မငွေတောင်းခံနေကြောင်းသိရသည်။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင်လည်း စစ်မှုထမ်းရန် သင်တန်းသွားရောက်မည့်သူ၏ မိသားစုအတွက် ထောက်ပံ့စရိတ် ထည့်ဝင်ရကြောင်း မြို့ခံများကပြောသည်။ “(တစ်အိမ်)တစ်သောင်းစီထည့်ရတယ်။ အသက်ပြည့်တဲ့သားသမီးရှိတဲ့အိမ်ဆိုရင် သုံးသောင်းနဲ့အထက် ထည့်ရတယ် ၊ တစ်လတစ်ခါထည့်ရမှာလား ၊တစ်ခါတည်းအပြီးလားတော့ မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောပြသည်။ ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်လုံးကျွတ် အစည်းအဝေး ကို မတ်လ ၁၆ ရက်က ကလိန်အောင်အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်သူမရှိသဖြင့် အစည်းအဝေးပျက်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ မတ်လ ၁၈ ရက် တွင် စစ်မှုထမ်းရန် အသက်ပြည့်မီသူရှိသည့် […]

လောင်းလုံးက ထွေအုပ်ဝန်ထမ်းနှစ်ဦးအား စစ်ဆေးပြီးပြန်လွှတ်မည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ဆို

Dawei Watch

March 25, 2024

ဖမ်းဆီးထားသော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းနှစ်ဦးကို စစ်ဆေးမေးမြန်းပြီးပါက ပြန်လွှတ်မည်ဖြစ်ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ပြင်းထိန်‌ရွာ ရပ်/ကျေးစာရေးဒေါ်စောကြူတို့နှစ်ဦးအား နွေဦးပြောက်ကျားတပ်ဖွဲ့က မတ်လ ၂၃ ရက်တွင် ဖမ်းဆီးခဲ့သည်။ ဒေါ်ငြိမ်းငြိမ်းသက်သည် မြင့်မိုရ်လက်ခတ်တောင်ဘုန်းကြီးကားဖြင့် စီးနင်းလိုက်ပါလာသည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် နွေဦးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။ ‌စစ်ဆေးချက်အရ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူမှာ ဖုန်းအဆက်အသွယ်ရှိနေသည်ကို သိရသဖြင့် ပြင်းထိန်ရွာသို့သွားပြီး ဒေါ်စောကြူအား နေအိမ်တွင်ဖမ်းဆီးလာခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ထွေအုပ်ဝန်ထမ်းဖြစ်သူ ဒေါ်ငြိမ်းငြိမ်းသက်နှင့် ဒေါ်စောကြူတို့ကို စစ်မှုထမ်းကိစ္စနှင့် ပတ်သတ်ပြီး ပါဝင်ခဲ့ခြင်း ရှိ မရှိကို စစ်ဆေးရန် ဖမ်းဆီးခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။ လက်ရှိတွင်မူ ၎င်းတို့နှစ်ဦးအား အပြစ်ပေးအရေးယူရန် ခိုင်လုံသည့် အထောက်အထား […]

မလွှဲတောင်စစ်ကောင်စီစစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရပြီး လမ်းပိတ်ထား

Dawei Watch

March 23, 2024

မွန်နှင့်တနင်္သာရီ နယ်စပ်ရှိ ရေဖြူမြို့နယ် မလွှဲတောင်ဂိတ်ကို ယနေ့(မတ် ၂၃) မနက်ပိုင်းက ထပ်မံတိုက်ခိုက်ခံရပြီးနောက် ဂိတ်ပုံမှန်ဖွင့်ချိန်တွင် မဖွင့်ပေးဘဲ ပိတ်ထားကြောင်း ကားသမားများက ပြောဆိုသည်။ ” ပစ်သံခတ်သံတွေကြားပြီး ကားတွေပေးမဖြတ်တော့ဘူး ။ ရာဖူးရွာနားမှာ PDF တွေမြင်လိုက်ရသေးတယ် ။ ကားတွေလည်း အခုထိလမ်းပိုင်းကရွာတွေမှာ ခိုပြီးစောင့်နေကြတယ်” ဟု ကလိန်အောင်မြို့ခံ ကားသမားတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။ မလွှဲတောင်ဂိတ်တိုက်ခိုက်ခံရသည့်ယနေ့ မနက်ပိုင်းတွင်ပင် ရေဖြူမြို့နယ် ၊ မင်းသားရွာတွင်လည်း စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေသည်။ မင်းသားရွာ တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများထွက်ပြေးတိမ်းရှောင်းနေရပြီး ပျူစောထီးနေအိမ်လေးလုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများထံကသိရသည်။ မင်းသားရွာတွင် တိုက်ပွဲဖြစ်နေ၍ ယနေ့ မနက်ပိုင်းက ပိတ်ထားသည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်း တို့ကိုမူ နေ့လယ်ပိုင်းတွင်ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း […]

ရေဖြူ မင်းသားရွာတွင် တိုက်ပွဲဖြစ်နေ၍ ကံပေါက်တိုက်နယ် အဝင်လမ်းများပိတ်ထား

Dawei Watch

March 23, 2024

ရေဖြူမြို့နယ် ၊ မင်းသားရွာတွင် ယနေ့ (မတ်၂၃) ရက် မနက်ပိုင်းမှစပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများထံကသိရသည်။ ပစ်ခတ်သံများကြားရပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်း ၂ ခုဖြစ်သည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် ကံပေါက်-ဇာဒီလမ်းတို့တွင် မောရဝတီရေတပ်က လမ်းပိတ်ထားကြောင်း နှင့် အိန္ဒရာဇာကျေးရွာအုပ်စု ဘက်သို့သွားသည့်လမ်းတွင်လည်း ရှင်ပျံရွာအထိသာဖြတ်သန်းခွင့်ပြုကြောင်း ဒေသခံများကပြောသည်။ “ ၇ နာရီလောက်ကတည်းက လက်နက်ကြီးသံ လေးချက်ကြားရတယ်။ အခုကတော့ လက်နက်ကြီးသံမကြားရတော့ဘူး ၊ တိုက်ပွဲကဆက်ဖြစ်နေသေးတယ်” ဟု မင်းသားရွာ ပတ်ဝန်းကျင် ရှိ ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်သံများကြားရမှု အခြေအနေနှင့်ပတ်သက်၍ မင်းသားရွာ ဒေသခံများထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ရွာသားများထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သဖြင့် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးပေ။ မတ်လဆန်းပိုင်းက မောရဝတီရေတပ်စခန်းဌာနချုပ် ဆိပ်ခံဘောတံတား ဒရုန်းဖြင့် ဗုံးချခံရစဥ်ကလည်း မင်းသားရွာနှင့်ဆင်ကူးရွာဘက်သို့ […]

ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 22, 2024

ထားဝယ် နာရေးကူညီမှုအသင်း၏ ဝန်ထမ်းတစ်ဦး ယနေ့ မွန်းလွဲ ပိုင်းက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ထားဝယ်မြို့နယ် ဇဟာရွာသား အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇော်မင်းထွန်းဆိုသူဖြစ်သည်။ ထားဝယ်မြို့ ဘာသာပေါင်းစုံသုဿာန်နှင့် ဇဟာရွာကြား ရှိ ရေကာတာအနီးပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာကတော့ ခေါင်းမှာချည်းပဲ”ဟု ၎င်းဒေသခံကပြောသည်။ သေဆုံးသူမှာ ထားဝယ်နာရေးကူညီမှုအသင်း ဝန်ထမ်း သုံးဦးအနက် တစ်ဦးဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းတွင်ပင် နာရေးကူညီမှုကိစ္စများများ လုပ်ကိုင်ဆောင်ရွက်ပေးနေသေးကြောင်း ထားဝယ်နာရေးကူညီမှု​ အဖွဲ့ဝင်များထံမှ​ စုံစမ်းသိရှိရသည်။ အဆိုပါနာရေးကူညီမှု ဝန်ထမ်းကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့်ပစ်သတ်သွားသည်ဆိုခြင်းကို အသေးစိတ်မသိရသေးပေ။ ကိုဇော်မင်းထွန်း၏ ရုပ်အလောင်းကို ယနေ့ ညနေပိုင်းတွင် အရေးပေါ်လူနာတင်ယာဉ်ဖြင့် လာရောက်တင်ဆောင်သွားကြောင်းသိရသည်။