လောင်းလုံး သဲပုံတောင်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး
Dawei Watch
July 9, 2024လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်ရှိ စစ်ကောင်စီတပ်က သဲပုံရွာအနီးတစ်ဝိုက်ကို ဇူလိုင်လ ၈ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သဲပုံရွာ၏အနောက်ဘက်ရှိ တောစပ်တစ်နေရာက သေနတ်ပစ်ခတ်သံထွက်ပေါ်လာပြီးနောက် တောင်ပေါ်တွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်က ရွာအနီးဝန်းကျင်ကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံကြားပြီးတာနဲ့ပစ်တာ” ဟု ၎င်းက ဆိုသည်။ သေနတ်သံမှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ သေသေချာချာ မသိကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် သဲပုံရွာက ဒေသခံအချို့နှင့် သာယာကုန်းရွာက ဒေသခံအချို့သည် နေအိမ်တွင် ညမအိပ်ရဲကြတော့သည့်အတွက် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခု (ဇူလိုင်၉ရက်) မနက်ကတော့ ပြန်လာတဲ့သူလည်း ပြန်လာကြပါပြီ” ဟု […]


