ဇဟာရွာသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ
Dawei Watch
April 3, 2024ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မိုင်းနင်းမိသူမှာ အသက် ၃၀ကျော် အရွယ်ရှိ ကိုဟန်မျိုးနောင် ဆိုသူဖြစ်ပြီး နေအိမ်မှ ဥယျာဉ်ခြံသို့ တောရပ်လမ်းအတိုင်း ဆိုင်ကယ်ဖြင့်သွားစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အရင်က အဲဒီနေရာ အနားတစ်ဝိုက်မှာပဲ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်ဖြတ်လိုက်ရဖူးတယ်” ဟု ၎င်းက ပြောဆိုသည်။ မိုင်းနင်းမိသည့်အတွက် ကိုဟန်မျိုးနောင်၏ လက်နှင့် ခြေထောက်များတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇဟာရွာတွင် ဖေဖော်ဝါရီလမှ ယနေ့အထိ မိုင်းနင်းမိသူ လေးဦးအထိ ရှိလာသည်။ လေးဦးအနက် တစ်ဦးမှာ သေဆုံးခဲ့ပြီး […]


