ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်

Dawei Watch

March 29, 2024

ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ဦးအောင်စိန်သည် ထားဝယ်နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ဆယ်နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထားဝယ် နာရေးကူညီမှုအသင်း၏အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက ပြောသည်။ “ဆီဆုံဆရာတော်လွန်ပြီးတဲ့နောက်မှာ အသင်းပြန်ဖွဲ့စည်းချိန်ကစပြီး ဦးအောင်စိန်က ဥက္ကဋ္ဌ တာဝန်နဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးအောင်စိန်၏ရုပ်အလောင်းကို ထားဝယ်မြို့ အိမ်ရှေ့ပြင်လမ်းဆုံ၊ အမှတ် ၆၅၃ နေအိမ်တွင် ထားရှိမည်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့ တနင်္လာနေ့တွင် ထားဝယ်မြို့နယ် ဇဟာကျေးရွာရှိ ဘာသာပေါင်းစုံသုဿာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ထားဝယ်ထောင်တွင် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီးခြေကျိုး

Dawei Watch

March 28, 2024

ထားဝယ်အကျဉ်းထောင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ မတ်လ ၂၂ ရက်တွင် ထောင်အာဏာပိုင်များက သစ်ပင်အကိုင်းခုတ်ခိုင်းသဖြင့် တက်ခုတ်ရာမှ ပြုတ်ကျခြင်းဖြစ်ပြီး ၎င်းကို ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေရကြောင်း ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ သစ်ပင်ပေါ်က ပြုတ်ကျသည့်အကျဥ်းသားသည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သူခိုးလက်ခံအမှုဖြင့် ထောင်ကျနေသူ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။ “ခြေထောက်တစ်ဘက်က ဒူးအောက်ကနေ ခြေဖဝါးအထိ ကျိုးသွားတာ၊ ကျောက်ပတ်တီး စည်းထားရတယ်။ ရေသဖန်းပင် အကိုင်းခုတ်ခိုင်းရင်း ပြုတ်ကျတယ်” ဟု ကာယကံရှင်မိသားစု၏ ပြောပြချက်ကို ကိုးကား၍ နီးစပ်သူတစ်ဦးက ပြောသည်။ မတ်လ၂၈ ရက်အထိ ထားဝယ်ဆေးရုံ တွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး မိသားစုနှင့် တွေ့ခွင့်ရကြောင်း ၎င်းက […]

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား PDF ရဲဘော်တစ်ဦး ဗုံးမတော်တဆမှုကြောင့်သေဆုံး

Dawei Watch

March 28, 2024

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား အသက် ၂၆ နှစ်အရွယ် PDF ရဲဘော်ပျိုစင်သည် ဗုံးမတော်တဆမှုကြောင့် သေဆုံးကြောင်း အဆိုပါရဲဘော်နှင့်နီးစပ်သူများထံက သိရသည်။ ရေဖြူမြို့နယ်၊ အနောက်ဘက်ကမ်းတွင် မတ်လ ၂၄ ရက်က ဒရုန်း ဗုံးသီးတပ်ဆင်စဉ် မတော်တဆဖြစ်ခြင်းဖြစ်ကြောင်း နီးစပ်သူတို့က ပြောသည်။ ရဲဘော်ပျိုစင်သည် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ၏ ရဲဘော်ဖြစ်ပြီး ထားဝယ်တက္ကသိုလ် စိတ်ပညာအထူးပြု အဝေးသင်ဒုတိယနှစ်ကျောင်းသားလည်းဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စျာပနကို စစ်အခမ်းအနားဖြင့် မတ်၂၆ ရက်က ၎င်း၏ မိခင်တပ်ရင်းတွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ယင်းတပ်ရင်း၏ ရဲဘော်များက ဆိုသည်။ ရဲဘော်ပျိုစင်ကျဆုံးမှုအပေါ် တက္ကသိုလ်ကျောင်းသားအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးရဲဘော်အဖြစ်လည်းကောင်း စိတ်မကောင်းဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ကိုသက်ယံက ပြောသည်။ ၎င်းအတွက် ဝမ်းနည်းပူဆွေးမှုကို […]

ရေဖြူ ဇာဒီရွာက သားအဖနှစ်ဦးဖမ်းဆီးခံရပြီး သတင်းအစအနပျောက်နေ

Dawei Watch

March 28, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် မတ်လ ၂၆ ရက်ညက သားအဖနှစ်ဦးကို လက်နက်ကိုင်တစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများထံမှ သိရသည်။ ဦးအုန်းလွင်နှင့် ၎င်း၏သားဖြစ်သူ ကိုထက်လင်းတို့ နေအိမ်တွင်ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးခန့်က လာရောက် ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ရွာသားတို့က ဆိုသည်။ “ညဘက် သားအဖနှစ်ယောက်စလုံး အိမ်မှာရှိနေတဲ့အချိန် လာခေါ်သွားတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးအုန်းလွင်သည် ၎င်း၏ကိုယ်ပိုင်ယာဥ်ဖြင့် ဇာဒီ-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ကားမောင်းသူဖြစ်ကြောင်း ရွာသားတို့က ပြောဆိုသည်။ အဖမ်းခံရသည့် သားအဖနှစ်ဦးစလုံး မတ်လ၂၈ ရက် ညပိုင်းအထိ အိမ်ပြန်ရောက်လာခြင်းမရှိသေးသလိုမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း ရွာသားများက ဆိုသည်။ ဦးအုန်းလွင်၏ မိသားစုဝင်များက ဇာဒီရွာပတ်ဝန်းကျင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုထံ သွားရောက် စုံစမ်းမေးမြန်းရာ တွင်လည်း […]

တပ်မတော်နေ့ ထားဝယ်ခရိုင် နေရာသုံးခု တိုက်ခိုက်ခံရ၊ နောက်ထပ်သုံးနေရာတွင်လည်း ပစ်ခတ်မှုဖြစ်

Dawei Watch

March 28, 2024

ထားဝယ်ခရိုင်တွင် တပ်မတော်နေ့က စစ်ကောင်စီတပ်စခန်း သုံးနေရာ တိုက်ခိုက်ခံရပြီး နောက်ထပ် နေရာသုံးခုတွင်လည်း ပစ်ခတ်မှု ဖြစ်ပွားကာ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန် ပျက်စီးကြောင်း စုံစမ်း သိရသည်။ မတ်လ ၂၇ ရက် နေ့ပိုင်းတွင် ထားဝယ်မြို့ အမှတ် (၈) စစ်ဆင်းမှုကွပ်ကဲရေးဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အပြင် သရက်ချောင်းမြို့နယ် ဝင်းဝရွာက စစ်ကောင်စီစခန်းကုန်းလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။ ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့အနီး ဇဟာကျေးရွာတွင်လည်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ‌ဖားအောက်တောရ အဝင်လမ်းရှိ နေအိမ်တစ်ဆောင်မှာ လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ “အခုမနက် လက်နက်ကြီးထိတဲ့အိမ်ကို စစ်‌သားတွေ လာစစ်ဆေးနေကြတယ်။ ဖားအောက်သွားတဲ့လမ်းထဲမှာ (စစ်ကောင်စီတပ်သားတွေ) အများကြီးပဲ ရှိနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ တပ်မတော်နေ့တွင် လမ်းပိတ်ပြီး […]

စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါမည်

Dawei Watch

March 28, 2024

စစ်ကောင်စီက အဓမ္မအကောင်အထည်ဖော်နေသည့် စစ်မှုထမ်းအစီအစဉ်၏ ပထမဆုံးအသုတ်တွင် တနင်္သာရီတိုင်းမှ ၂၆၀ ကျော်ပါဝင်မည်ဖြစ်ပြီး မြိတ်မြို့နယ်က အများဆုံးဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။ စစ်မှုထမ်းမည့်သူ ၂၆၀ ကျော်တွင် မြိတ်မြို့နယ်က ၁၂၀ ဦးမှ ၁၅၀ ဦးကြား ပါဝင်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက Dawei Watch သို့ပြောဆိုသည်။ ယင်းစစ်မှုထမ်းမည့်သူများမှာ ကိုယ်တိုင်ဆန္ဒပြုထားသူများဖြစ်ဟုလည်း ၎င်းကဆိုသည်။ သို့သော် စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် ပြည်သူများက လက်မခံသဖြင့် ကန့်ကွက်မှုများရှိနေသလို စစ်မှုထမ်းသက်မီသည့် လူငယ်များ လွတ်မြောက်နယ်မြေများသို့ တိမ်းရှောင်မှုများလာသဖြင့် စစ်ကောင်စီက ခရီးသွားမှုများကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။ စစ်မှုထမ်းရန် စာရင်ပေါက်ထားသူများကို မတ်လကုန်ပိုင်းတွင် ထားဝယ်နှင့် မြိတ်ရှိ စစ်ကောင်စီ၏ တပ်မတော်ဆေးရုံများတွင် ဆေးစစ်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။ […]

မှတ်ပုံတင်တွင် မွေးသက္ကရာဇ်ပြင်လိုက ဗဟိုရုံးချုပ်အထိတင်ပြရမည်

Dawei Watch

March 27, 2024

စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ကြေညာပြီးနောက် နိုင်ငံသားစိစစ်ရေးကတ် ခေါ် မှတ်ပုံတင်ကတ်တွင် မွေးသက္ကရာဇ် မှားယွင်းမှုပြင်ဆင်လိုပါက ဗဟိုရုံးချုပ်အဆင့်ထိ တင်ရမည်ဖြစ်ကြောင်း လဝက ဝန်ထမ်းများထံက သိရသည်။ စစ်မှုထမ်းရန် အသက်ပြည့်မီနေသူများနှင့်ပတ်သက်၍ ပြင်ဆင်မှုများရှိလာနိုင်သဖြင့် ဗဟိုရုံးချုပ်အထိ တင်ပြခိုင်းခြင်းဖြစ်ကြောင်း မတ်လ ၁၉ ရက်က စစ်ကောင်စီအာဘော် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြေညာခဲ့သည်။ သို့သော် အမည်၊ အဘအမည် စသဖြင့် အခြားအချက်အလက် မှားယွင်းပြင်ဆင်မှုများကိုမူ မြို့နယ်အဆင့်ရုံးများတွင် ပြုလုပ်ပေးနေဆဲဖြစ်ကြောင်း လဝက ဝန်ထမ်းများထံမှ သိရသည်။ “မွေးသက္ကရာဇ်က မြို့နယ်က ပြင်ပေးလို့မရတော့ဘူး။ ကျန်တာအားလုံး လုပ်ပေးလို့ရတယ်။ ပုံမှန်ကတော့ သွေးနှောဖြစ်မှ ခရိုင်ရုံးအထိတင်ရတယ်။ ရိုးရိုးဆိုရင်တော့ မြို့နယ်မှာ အပြီးလုပ်လို့ရပါတယ်” ဟု အမည်မဖော်လိုသည့် ထားဝယ်မြို့နယ် က လဝက ဝန်ထမ်းတစ်ဦးက ပြောသည်။ စမတ်ကတ်ပြုလုပ်ရာတွင်လည်း လဝက၏ကွန်ပျူတာအချက်အလက်များ […]

ထားဝယ်က ဇမ္ဗူသီရိပရဟိတအဖွဲ့ရုံးကို စစ်ကောင်စီတပ် ဝင်စီး

Dawei Watch

March 26, 2024

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ဖြစ်သည့် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းရုံးခန်းကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အခွန်လွတ်ဈေးအရှေ့ရှိ ဇမ္ဗူသီရိရုံးခန်းကို မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်သားများ၊ နယ်မြေခံ ရဲများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဘက်တော်သား ၁၀၀ နီးပါးက ဝင်ရောက်စီးနင်းခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ထံ ဝင်ရောက်သွားပြီး လက်ရှိတွင် ထားဝယ်မြို့သို့ ရောက်ရှိနေသည် ဟုဆိုကာ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အဲဒီရုံးက ကောင်လေး PDF ထဲကို ဝင်တယ်လို့တော့ ပြောတာပဲ။ အခု ထားဝယ်ပြန်ရောက်နေတယ် သတင်းရလို့တဲ့”ဟု အထက်ပါမြို့ခံက ပြောသည်။ ထိုကဲ့သို့ လာရောက်စစ်ဆေးချိန်တွင် စစ်ကောင်စီတပ်သားများက ပရဟိတအဖွဲ့သားများကို နာရီပိုင်းအကြာ […]