ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ တစ်ဦး ပြန်လွတ်
Dawei Watch
March 22, 2024ထားဝယ်အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသူ မနှင်းစုလှိုင်မှာ မတ်လ ၂ဝ ရက်က လွတ်ရက်စေ့၍ပြန်လွတ်လာခဲ့ကြောင်း ၎င်း၏မိတ်ဆွေများထံကသိရသည်။ “ ပြန်လွတ်လာတာ ကျန်းကျန်းမာမာ ပါပဲ “ ဟု ပြန်လွတ်လာပြီးနောက် သွားရောက်တွေ့ဆုံခဲ့သည့် မိတ်ဆွေ အမျိုးသမီး က ပြောသည်။ မနှင်းစုလှိုင်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးနှင့်အတူ ၂၀၂၁ ခုနှစ် ဧပြီလဆန်းတွင် ထားဝယ်မြို့ ၊ကျန်းမာရေးလမ်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဖမ်းခံရပြီး ၇လ အကြာြာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ပုဒ်မ ၅၀၅(က)၊၅၀၅(ဂ) တို့ဖြင့် မနှင်းစုလှိုင် အား ထားဝယ်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၄ နှစ် ၆ လ ချမှတ်ခဲ့သည်။ မနှင်းစုလှိုင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ၎င်း၏ခင်ပွန်းဖြစ်သူ ကိုဇေလင်းဦးမှာ ပုဒ်မ […]


